အပိုင်း - ၂၈

33.4K 4.4K 273
                                    

{Zawgyi}

•စုတ်တံကိုကောင်းချီးပေး•

နောက်တစ်နေ့မနက်ရောက်တော့ လဲ့ယောင်လက်ကိုဆေးကြောပြီး မနက်စာအတွက်ခေါက်ဆွဲလုပ်ဖို့ပြင်လိုက်တယ်။ ရှုယောင်လည်းနိုးလာပြီး မီးဖိုချောင်ဘက်လျှောက်လာတာကို မြင်လိုက်ရတယ်။

“Good morning~”

ရှုယောင်က “အင်း ကိုယ်တို့မနက်စာဘာစားကြမှာလဲ?”

ကြည့်လိုက်ရင်တော့ အရာအားလုံးက ပုံမှန်အတိုင်းလိုပဲ။ ဒါပေမယ့်နည်းနည်းကွဲပြားသွားတယ်လို့ လဲ့ယောင်ခံစားမိနေတယ်။ ဟင်.. ဘာပါလိမ့်? အဲ့နောက် သူတောင်သတိမထားမိဘဲ ဂရုတစိုက်ပိုနေမိတယ်။

သိသိသာသာကို ရှုယောင်လည်း ကွဲပြားနေတာကို မကြာခင်သိမြင်သွားပေမယ့် တမင်သက်သက်သတိသွားပေးမနေဘူး။ သူကအမြဲလိုလို မနက်စာစားပြီးသွားတာနဲ့ အပြင်ထွက်သွားပြီး သူ့အလုပ်တွေပြီးသွားလို့ ညနေခင်းလောက်မှပြန်လာတတ်တယ်။ တခါတလေတော့ နေ့လည်စာပြန်စားတတ်ပေမယ့် လဲ့ယောင်နဲ့အတူနေဖို့အချိန်အများကြီးမရှိဘူး။ အဲ့တာကြောင့် သူတို့အတူနေလာကြတာ ရက်ပေါင်းအတော်ကြာပြီဖြစ်တာတောင် အချင်းချင်းရဲ့ပင်ကိုစရိုက်တွေကို ထိုက်သင့်သလောက်ပဲသိပြီး အများကြီးမသိကြသေးဘူးဖြစ်နေတယ်။

အရင်တုန်းကလဲ့ယောင်သာဆိုရင် သူကြီးပြင်းလာခဲ့တဲ့သက်တမ်းအရ ဝေဖန်ပိုင်းခြားကြည့်ရင် ကွဲပြားချက်အချို့ကိုခန့်မှန်းနိုင်လိမ့်မယ်။ ဒါပေမယ့်ဒီလဲ့ယောင်ကတော့ လူသစ်တစ်ယောက်ဖြစ်နေပြီး သူ့ကိုသိတဲ့လူတွေကလည်း မရှိကြတော့ဘူး။ အခုလက်ရှိလဲ့ယောင်ကိုသိတာဆိုလို့ သေပြီးသူတချို့ပဲရှိပေမယ့် သူတို့တွေကလည်း ရှုယောင်နဲ့တစ်ချိန်လုံး မဆက်သွယ်နိုင်ဘူး။

“မင်းလိုတာတွေနဲ့ကိုက်တဲ့ နေရာသုံးခုကိုတော့ ကိုယ်တွေ့ထားတယ်၊ ကိုယ်နောက်ကျရင် သင့်တော်တဲ့နေရာရှိအုံးမလားဆိုတာ ကြည့်ပေးမယ်” စားသောက်ပြီးတော့ ရှုယောင်အဝတ်လဲနေရင်းပြောလိုက်တယ် “ပြီးတော့လည်း မင်းရဲ့ယာဉ်ပျံလေးက ဒီမှာလျှောက်ပျံနေလို့ မသင့်ဘူး၊ မင်းသုံးချင်တယ်ဆိုရင် မင်းအတွက်အဲ့တာကို ပြင်ပေးဖို့ကိုယ်တစ်ယောက်ယောက်ကို ပြောလိုက်မယ်… အဲ့တာမှ ရှေ့လျှောက်သွားရလာရ အဆင်ပြေမှာ… ဒါပေမယ့် စခန်းကနေထွက်ဖို့တော့ မကြိုးစားနဲ့နော် အိုခေ?”

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Donde viven las historias. Descúbrelo ahora