အပိုင်း - ၁၀၂

16.3K 2.6K 118
                                    


{Zawgyi}

•အံ့ဩတုန်လှုပ်•

ပင်လယ်ပြင်အစု(ရပ်ကွက်)က အဆောက်အအုံတွေကို အပလောကအတွက် ချီးမြှောက်ပြီး မီးရှို့ပေးတဲ့နေ့မှာ တစ္ဆေတွေကလည်း အရမ်းစိတ်လှုပ်ရှားနေတာကြောင့် ထိုအချင်းအရာကိုကြည့်ဖို့ လာစုဝေးခဲ့ကြတယ်။ ပင်လယ်ပြင်မှာ ကြီးမားတဲ့အပျော်စီးသင်္ဘောကြီးတစ်ခုစီ ပေါ်ထွက်လာတိုင်း ကမ်းစပ်အစွန်းမှာ လွင့်မြောနေကြတဲ့ တစ္ဆေအုပ်ကြီးက စိတ်လှုပ်ရှားမှုကြောင့် ပွက်လောတွေရိုက်နေတော့တယ်!

သူတို့ရဲ့အိမ်အသစ်ကို ရွေ့ပြောင်းနိုင်တော့မယ်ဆိုတာကို တွေးရင်းနဲ့ ရက်ပေါင်းမရေမတွက်နိုင်အောင် စောင့်ခဲ့ရတယ်။ နောက်ဆုံးမှာ အဲ့တာကြီးကို တွေ့နေရပြီဖြစ်ကာ သူတို့ရဲ့တုန့်ပြန်မှုကတော့ : 'ဒါက အရမ်းတန်ဖိုးကြီးနေတယ်မဟုတ်ဘူးလား?!'

ကမ်းစပ်က နေရာဆီရွေ့ပြောင်းဖို့ ရွေးခြယ်ပြီး သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ငွေချေတဲ့အနေနဲ့ စာရင်းသွင်းထားတဲ့သေဆုံးပြီးသူတွေရှိတယ်။ အဲ့တာကြောင့် သူတို့တွေကို လတ်တလောအနေအထားပြောင်းလဲဖို့ စိတ်ကူးမရှိတဲ့ 'အခြေကျနေထိုင်သူမြို့သားများ'ဆိုတဲ့ အမျိုးအစားထဲ သွင်းထားလိုက်တယ်။

ယှဉ်ကြည့်မယ်ဆိုရင် တစ္ဆေအဖြစ်နဲ့ ဘဝကြီးကို လုံလုံလောက်လောက်ကြုံတွေ့ခဲ့ရပြီးပြီဖြစ်လို့ လောကကြီးက 'ထွက်ခွာ'သွားချင်နေပြီဖြစ်တဲ့ သေဆုံးသူတချို့လည်း ရှိသေးတယ်။ ထိုသေဆုံးသူတွေကတော့ ဆာနာဂြိုလ်သားတွေကို အကျဉ်းချခဲ့တဲ့နေရာမှာ စုဝေးပြီး သူတို့ရဲ့နောက်ခရီးစဉ်ကို ရှုယောင်ပို့ပေးဖို့အတွက် စောင့်ဆိုင်းနေကြတယ်။

ထိုနေရာမှာ အကျဉ်းချခံခဲ့ရတဲ့ ဂြိုလ်သားတွေကိုတော့ ရှုယောင်ရဲ့အစွမ်းတွေကနေတဆင့် နောက်ဘဝကူးပြောင်းတဲ့သံသရာဆီကို ပို့လိုက်ပြီးပြီဖြစ်တယ်။ ဟွာရှားမှာ သေဆုံးပြီးဂြိုလ်သားတွေ မရှိတော့ဘူး။

ရှုယောင်နဲ့ လဲ့ယောင်ကလည်း အရင်တုန်းကလိုမျိုး 'လူ'တွေမဟုတ်တော့ဘူး။ အရင်တွေတုန်းက နှစ်ယောက်အတူပေါင်းလုပ်ရင်တောင် မပြီးမြောက်နိုင်ခဲ့တဲ့အရာတွေက အခုဆို တစ်ယောက်တည်းနဲ့တင် ဖြစ်နေပြီ။ အခမ်းအနားတွေကျင်းပနေစရာတောင် မလိုတော့ဘဲ ထောင်ပေါင်းများစွာသောဝိဉာဉ်တွေကို ကူညီပေးနိုင်ဖို့ မန္တန်နှစ်ခုသုံးခုလောက်သာ လိုတော့တယ်။

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Onde histórias criam vida. Descubra agora