{Zawgyi}
•ယန်ကျဲ့ - ယန်းဟန်းတျန်း (End)•
တစ်ရက်မှာ လဲ့ယောင်က လက်ထပ်ခွင့်တောင်းတာနဲ့ပက်သက်ပြီး ယန်ကျဲ့ကိုမေးလိုက်တယ်။ "အဲ့တော့ ခင်ဗျားလက်ခံလိုက်လား?"
"ဘာရှိသေးလို့လဲဗျာ?" အခုဆိုရင် ယန်ကျဲ့က သူ့ရဲ့အချစ်ရေးမှာ အရင်တုန်းကထက်စာရင် ပိုမိုပွင့်လင်းလာပြီး အထူးသဖြင့် လဲ့ယောင်နဲ့ဆွေးနွေးတဲ့အချိန်မှာဆိုဖြစ်တယ်။ လဲ့ယောင် သူ့အတွက် ပြင်ဆင်ပေးထားတဲ့ ကိုယ်တိုင်လုပ်သရေစာမုန့်လေးတွေကို စားပြီး ပြုံးလို့ရွှင်လို့။
"ကျွန်တော့်စရိုက်က တခါတလေဆို နည်းနည်းထူးဆန်းချင် ထူးဆန်းနိုင်ပေမယ့် ကျွန်တော့်နှလုံးသားထဲမှာ ဘာကိုတကယ်လိုချင်တာလဲဆိုတာတော့ သိပါသေးတယ်၊ တကယ်တော့ Mr.ရှောင်လဲ့ ကျွန်တော့်ကို ယန်းမိသားစုအိမ်ကို ပို့ပေးလိုက်တုန်းတည်းက အဲ့လိုမျိုးတစ်ခါမေးဖူးသေးပေမယ့် အရမ်းကြီးရုတ်တရက်ဆန်သွားတယ်ထင်လို့ အဲ့တုန်းကတော့ စဉ်းစားလိုက်အုံးမယ်ဆိုပြီး ပြောခဲ့သေးတယ်"
"သူဒီလောက် မြန်မြန်ကြီးပြန်လာလိမ့်မယ်လို့ မထင်ထားဘူးမှတ်လား?" လဲ့ယောင် ပြုံးကာ မေးလိုက်တယ် "ကျွန်တော် ခင်ဗျားရဲ့အစ်ကိုရှုဆီက ကြားထားတာရှိသေးတယ်၊ လပိုင်းလောက်နေရင် မင်္ဂလာပွဲလုပ်တော့မယ်ဆို?"
"ဟုတ်တယ်၊ သုံးလလောက်တော့ လိုပါသေးတယ်၊ အဲ့အချိန်ကျရင် ဒီမှာအားလုံးလည်း အခြေတကျဖြစ်လောက်မှာဆိုတော့ ကျွန်တော် ခွင့်ရက်ရှည်ယူဖို့ စိတ်ကူးထားတယ်" ယန်ကျဲ့ပြန်ဖြေတယ်။
အမှန်ဆို ယန်းဟန်းတျန်းက သူ့ကိုအောင်အောင်မြင်မြင်လက်ထပ်ခွင့်တောင်းပြီးတဲ့နေ့တည်းက ရှုယောင်က သူ့ရဲ့လက်ထပ်ခွင့်လျှောက်လွှာကို ခွင့်ပြုပေးခဲ့တာဖြစ်တယ်ဆိုပေမယ့် သူနဲ့ယန်းဟန်းတျန်းတို့ကတော့ ခုထိတောင်စာရင်းသွားမသွင်းရသေးဘူး။
လက်ထပ်ထိန်းမြှားခြင်းအတွက် စာရင်းသွင်းရတဲ့လုပ်ငန်းစဉ်တွေကို စဉ်းစားကြည့်မယ်ဆိုရင် ဖောင်ဖြည့်ဖို့အတွက် တားရော့မှာရှိတဲ့ ပြည်သူ့ရေးရာအစိုးရဌာနကို သွားဖို့လိုတယ်။ အာကာသယာဉ်နဲ့ အဲ့ကိုရောက်ဖို့ဆို ခြောက်ရက် ခုနစ်ရက်လောက်ကြာမယ်။ ထို့အပြင် တကယ့်လုပ်ထုံးလုပ်နည်းတွေပြီးသွားတဲ့အခါ ဟွာရှားကိုပြန်လာရအုံးမယ်ဆိုတော့ ဒီကိစ္စတစ်ခုလုံးက တော်တော်လေးအချိန်ကုန်မှာဖြစ်တယ်။
![](https://img.wattpad.com/cover/206501400-288-k27736.jpg)
BẠN ĐANG ĐỌC
ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}
Lãng mạnTitle - The general loves to collect little red flowers Author: 困成熊猫 Total Chapters: 111 Chapters Genre - Comedy, Interstellar, omegaverse, Sci-fi, Transmigration Eng Translator - Frozenmirage Myanmar Translator - Kay_Wine 😉