အေႂကြး{အကြွေး}

33.4K 4.9K 73
                                    

{Zawgyi}

မနက်စောစောစီးစီး ဗိုလ်ချုပ်ကြီးအိမ်ကနေ 'ဂလွမ် ဂလွမ်'ဆိုတဲ့ အသံတွေ ထွက်နေတယ်။ လဲ့ယောင် နောက်တစ်ခေါက် မီးဖိုချောင်ဝင်နေပြန်ပြီ။

လဲ့ယောင် မနက်စာလုပ်နေတာဖြစ်တယ်။ ရှုယောင်ကမနေ့ညက ညစာမဝလိုက်တာကို သိတာကြောင့် ဒီနေ့ပိုများများချက်ဖို့ဆုံးဖြတ်လိုက်တယ်။ အဓိကကတော့ သူတောင်းဆိုစရာလည်း ရှိသေးတာကြောင့်ဖြစ်တယ်။ သူစည်းကမ်းလိုက်နာမှဖြစ်မယ်... မဟုတ်ရင် စားကောင်းတဲ့အသီးဘာမှမရနိုင်ဘူးဆိုပြီးလည်း သူ့ကိုယ်သူပြန်ပြောနေသေးတယ်။

ခြောက်နာရီခွဲကျော်မှာ ရှုယောင်ကစစ်တပ်ကန်တင်းမှာ စားလေ့ရှိပေမယ့် ဒီနေ့တော့ သူမသွားဖြစ်ဘူး။ သူ့ကိုယ်နဲ့ထမင်းစားပွဲထောင့်စွန်းကိုမှီထားပြီး လဲ့ယောင်ချက်နေတာကို ကြည့်ကာ ပင်လယ်စာဆန်ပြုတ်နဲ့ အသီးအရွက်ပန်ကိတ်အနံ့ကို ရှုနေမိတယ်။

သူခုနစ်နှစ်အရွယ်လောက်တည်းက မနေ့ညကအိပ်သလို လူသေကောင်လိုမျိုး တစ်ခါမှမအိပ်ဖြစ်တော့ဘူး။ ပြီးတော့ ဒီမနက်ရောက်တော့လည်း သူ့တစ်ကိုယ်လုံးအရိုက်ခံထားရလားအောက်မေ့ရအောင်ကို ကိုက်ခဲနေတဲ့ခံစားချက်ကြီးနဲ့အိပ်ယာနိုးလာခဲ့တယ်။ မြင်သာတဲ့ဒဏ်ရာတစ်ခုလေးတောင် မရှိတာကတော့ ထူးဆန်းတယ်။

လဲ့ယောင်အဲ့တာနဲ့ပတ်သက်ပြီး တစ်ခုခုသိလိမ့်မယ်လို့ထင်ပေမယ့် ဒီမနက်လဲ့ယောင်က တစ်ခွန်းမှမဟဘူး။

လဲ့ယောင် ခရုနဲ့ဂဏန်းအသားတွေအများကြီးပါတဲ့ ခွက်အကြီးကို ရှုယောင်ကိုပေးလိုက်တယ်။ အဲ့အပြင် အသီးအရွက်ပန်ကိတ်ကို အပိုင်းသေးလေးတွေပိုင်းပြီး သူ့ပန်းကန်ထဲထည့်ပေးကာ မုန်လာဥတွေ၊ မြေပဲတွေနဲ့ အရွက်ချဉ်တွေလည်း ထပ်ထည့်ပေးလိုက်သေးတယ်။

ရှုယောင်ကတော့ ထိုင်ခုံပေါ်မှာ ဆရာကြီးလိုလိုထိုင်နေပြီး "ပြော.. ကိုယ့်ကိုအဲ့လောက် ဂရုတစိုက်လုပ်ပေးနေတယ်ဆိုတော့ မနေ့ညက မကောင်းတာတစ်ခုခုလုပ်ခဲ့လို့လား?"

လဲ့ယောင်က "မဟုတ်ပါဘူး.. ကျွန်တော်က ဘာလုပ်နိုင်မှာမို့လို့လဲ? ကျွန်တော် ခင်ဗျားကိုမေးချင်တာရှိလို့... တားရော့ဂြိုလ်ရဲ့online shopမှာ တစ်ခုခုဝယ်ချင်တယ်ဆိုရင် ကျွန်တော်ပို့ရမယ့်လိပ်စာကို ဘယ်လိုထည့်လိုက်ရမလဲ?"

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Donde viven las historias. Descúbrelo ahora