အပိုင်း - ၃၅

30.1K 4.2K 145
                                    

{Zawgyi}

•အဲ့ဒါကို စဉ်းတောင်မစဉ်းစားနဲ့•

အရင်တုန်းက လဲ့ယောင်တားရော့ဂြိုလ်မှာရှိနေတုန်းက ကျီဖန်းယုကိုဆင့်ခေါ်လို့မရခဲ့တာကြောင့် ဟွာရှားဂြိုလ်ကနေ သေပြီးသားသူတွေကိုခေါ်သွားလို့ရနိုင်လားဆိုတာ လဲ့ယောင်လည်းမသေချာဘူး။ နည်းလမ်းကျကျပြောရရင် ရသင့်တယ်။ ပြီးတော့ သေချာတာတစ်ခုက လဲ့ယောင်သူတို့ကိုဟွာရှားကနေခေါ်သွားနိုင်ခဲ့ရင် ရှေ့လျှောက်ဒီ့ထက်ပိုတာတွေလုပ်နိုင်တော့မှာ.. ပြီးတော့ ဒီစွမ်းရည်နဲ့ရှုယောင်ကို စိတ်ရောကိုယ်ပါကူညီပေးချင်တယ်။

သူက ရှုယောင်ရဲ့လက်ထောက် ဒါမှမဟုတ် အလုပ်လုပ်ပေးတာမျိုးဖြစ်ချင်တယ်။ သူ့အတွက်အလုပ်လုပ်ပေးဖို့ မလိုဘူးဆိုပေမယ့် အပြင်မှာပြန့်နေတဲ့ အပျင်းကြီးတဲ့ဇနီးဆိုတဲ့ ကောလဟာလတွေကို တားဆီးချင်တာကြောင့်လည်းပါတယ်။

"တကယ့်ကို ငါ့ညီအစ်ကိုရဲ့စကေးကြီးပဲ" ကျီဖန်းယု ရှုယောင်လက်ထဲက အဝတ်ဖြူနဲ့လုပ်ထားတဲ့ မျက်လုံးနဲ့ပါးစပ်တွေ ရွဲ့စောင်းနေတဲ့ ရုပ်ဆိုးဆိုးအရုပ်ကို ဘာအမူအယာမှမပြဘဲ ကြည့်လိုက်တယ်။ " မင်းဒီ့ထက်ပိုကောင်းအောင် ချုပ်ပေးလို့မရဘူးလား?"

"အချိန်နည်းနည်းပဲရတာကို၊ ဘယ်လိုလုပ် မင်းအတွက် ပိုကောင်းအောင်ချုပ်နိုင်မှာလဲ? အရင်ဒါနဲ့ပဲ လုပ်လိုက်စမ်းပါကွာ" အရုပ်ပေါ်မှာ အဆောင်အပိုင်းလေးကပ်ပြီး လဲ့ယောင်ပြောလိုက်တယ် "အဆင်သင့်ဖြစ်ပြီလား?"

"အဆင်သင့်ပဲ"

ကျီဖန်းယုအသံထွက်လာတာနဲ့ မဆိုင်းမဆွ လဲ့ယောင်နှုတ်ကနေတစ်စုံတစ်ရာကို ရေရွတ်ပြီး မကြာခင် ကျီဖန်းယုဝိဉာဉ်က အရုပ်လေးကိုယ်ပေါ်က ကျိုးတို့ကျဲတဲချုပ်ရိုးနဲ့ ငှက်မွှေးတွေကြားထဲ ဖြေးဖြေးချင်းဝင်သွားတယ်။

အရင်တုန်းက များစွာသောသေဆုံးပြီသူတွေက သူတို့ဒီ့ထက်ဝေးဝေးသွားနိုင်မလားဆိုတာသိရဖို့ ဟွာရှားဂြိုလ်ကစွန့်ခွာဖို့ကြိုးစားခဲ့ကြသေးပေမယ့် ရလဒ်ကတော့ မအောင်မြင်ခဲ့ကြဘူး။ ဝိဉာဉ်နဲ့တင်ပဲ ဟွာရှားဂြိုလ်ကထွက်ခွာနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲ့တာကြောင့် လဲ့ယောင်က အရုပ်အသေးလေးထဲမှာ သေပြီးသူကိုထည့်ပြီး နောက်တစ်နည်းနဲ့ခေါ်သွားနိုင်ဖို့ ကြိုးစားလိုက်တယ်။

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Tempat cerita menjadi hidup. Temukan sekarang