အပိုင်း - ၂၄.၂

30.4K 4.8K 347
                                    

{Zawgyi}

•မင်းလေးက အရမ်းဆိုးတာပဲ•

သူတို့အိမ်ပြန်တဲ့လမ်းတစ်လျှောက် လဲ့ယောင်က ဒိုင်နိုဆောတုတ်တံလေးကိုဆက်တိုက်ခါရမ်းနေပြီး တစ်ချိန်လုံးသီချင်းလေးညည်းပြီးလိုက်လာတယ်။

သီချင်းကထူးဆန်းပေမယ့် နားထောင်လို့တော့ အရမ်းကောင်းတယ်။

“မင်းကိုကြည့်ရတာ အတော်ပျော်နေပုံပဲ?” ရှုယောင်မေးလိုက်တယ်။

“ပျော်တာ? ဒါပေါ့.. တခြားသူတွေကို ကိုယ့်မှာရှိတဲ့အရည်အချင်းနဲ့ကူညီနိုင်တာ ပျော်စရာကောင်းတယ်မှတ်လား? မနက်ဖြန်ပိုတောင်ပျော်ရအုံးမှာ” လဲ့ယောင်ပြောလိုက်တယ်။

“ကိုယ်အရူးလိုမျိုးလုပ်နေတာကို မြင်ရတော့မှာမို့လို့လား?”

လဲ့ယောင် ဟုတ်တယ်.. ဟုတ်တာပေါ့!လို့ ဖြေချင်တယ်။ ဒါပေမယ့် မျက်နှာကိုတည်ထားပြီး “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ကျွန်တော်က အဲ့လိုလူမျိုးဖြစ်နေလို့လား?”

ရှုယောင် ပြန်မဖြေခဲ့ဘူး။

သူတို့အိမ်ပြန်ရောက်တော့ နှစ်ယောက်လုံးအိပ်ရာပေါ်လှဲလိုက်ကြတယ်။ ရှုယောင် လဲ့ယောင်ကိုမေးလိုက်တယ် “ကိုယ်ပင်လယ်ထဲငါးကို မပစ်ချခင် တခြားတစ်ယောက်ကိုလွှဲပေးလိုက်လို့ရလား?”

“ဒါပေါ့ ဘယ်ရမလဲ! ခင်ဗျားရဲ့ယန်စွမ်းအင်က အရမ်းသန်မာပြီး ခင်ဗျားကိုနာကြည်းချက်အငွေ့အသက်တွေ မသက်ရောက်နိုင်လို့ ခင်ဗျားကိုပဲပြောရတာပေါ့”

“အကြောင်းပြချက်က အဲ့လိုလား… နာကြည်းချက်အငွေ့အသက်တွေကို မကြောက်တဲ့သူရှိနေတယ်ဆိုရင် ကိုယ်တို့လက်လွှဲပေးလို့ရတယ်ပေါ့?”

“အင်း” လဲ့ယောင်ပြောလိုက်တယ်။ “ဒါပေမယ့် ခင်ဗျားတစ်ခြားတစ်ယောက်ကို ရှာလို့မရဘူး၊ လူအများစုက သူတို့တွေရဲ့နာကြည်းချက်အငွေ့အသက်တွေကို ကိုယ်တိုင်အဖြေရှင်းနိုင်ကြဘူး… ဒီမှာကျွန်တော်နောက်ထပ်ဒုတိယတစ်ယောက်တောင် မတွေ့သေးဘူး၊ ခင်ဗျားတစ်ယောက်တည်းပဲရှိတာ… ဗိုလ်ချုပ်ကြီး ခင်ဗျားကအရမ်းသန်မာတာပဲ! သရဲတစ္ဆေတွေတောင် ခင်ဗျားကိုကြောက်ကြတယ်!”

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Donde viven las historias. Descúbrelo ahora