အပိုင်း - ၈၁

18.8K 3.3K 141
                                        

{Zawgyi}

•ခင္ဗ်ားက သာမန္မဟုတ္ဘူး•

တကယ့်ကို ဖွဖွလေးသာဖြစ်တယ်။ လဲ့ယောင်သာ သူ့ရဲ့ဗိုက်ကို ရှုယောင်နဲ့အရမ်းမကပ်ထားခဲ့ရင် ကန်ချက်လေးကို ခံစားမိမှာမဟုတ်ဘူး။ သို့ပေမယ့် ဒီလိုခပ်သာသာကန်ချက်လေးကပဲ ရှုယောင်ကိုတောင့်တင်းသွားစေခဲ့တယ်။ ချက်ချင်းဆိုသလို လှိုက်တက်လာတဲ့ပျော်ရွှင်မှုကြောင့် သူကြက်သေသေနေမိတယ်!

"အခု ကလေးက ကိုယ့်ကို ကန်လိုက်တာလား? တကယ်ပဲလား?" ရှုယောင် အနည်းငယ်စိတ်လှုပ်ရှားကာ စကားတွေလည်း ဗလုံးဗထွေးတွေဖြစ်ကုန်တယ်။ ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ သူမမျှော်လင့်ထားဘူး!

"ခင်ဗျား ခံစားမိလား?" လဲ့ယောင် ရယ်မောလိုက်တယ် "တကယ်တော့ ကျွန်တော် သူတို့လေးတွေကန်တာကို လွန်ခဲ့တဲ့ရက်ပိုင်းလောက်တည်းက စပြီးခံစားမိတာ၊ ဒါပေမယ့် အရမ်းပျော့နေသေးလို့... ခင်ဗျားတကယ်ခံစားနိုင်မယ်ဆိုပြီ မထင်သေးလို့ အရင်ကမပြောပြခဲ့တာ၊ ဘယ်လိုလဲ? ပျော်စရာကောင်းတယ်မှတ်လား?"

"သိပ်ကောင်းတာ‌ပေါ့ကွာ" ရှုယောင်ပြောလိုက်တယ် "ဘယ်ပေါက်စက ကန်လိုက်တာလဲတော့ ကိုယ်မသိပေမယ့် တကယ့်ကိုခံစားချက်က သိပ်ကောင်းတယ်" ရှုယောင်ပျော်လွန်းလို့ တစ်လောကလုံးကလူတွေ သိသွားအောင်တောင် လုပ်ပစ်လိုက်ချင်တယ်!

"ဟုတ်ပါပြီ၊ အခုတော့လွှတ်အုံး... ခင်ဗျား အားနည်းနည်းထပ်ထည့်ပြီး ဖက်လိုက်ရင် သူတို့ပြားကုန်လိမ့်မယ်" လဲ့ယောင် ရှုယောင်ကို အသာတွန်းလိုက်တယ်။ ဘယ်လောက်ပဲစိတ်လှုပ်ရှားနေပါစေ အရမ်းကြီးဖိမိလိုက်ရင် သူပဲနာမှာ...

ဒီကိစ္စက ပျော်စရာကောင်းတာကြောင့် ဒီလိုခံစားချက်ကို ရှုယောင်ဆီပါ ဝေမျှပေးချင်တယ်လို့ ရိုးရိုးရှင်းရှင်းလေးသာ တွေးခဲ့ပေမယ့် ရှုယောင် ဒီအခြေအနေလောက်ထိ စိတ်လှုပ်ရှားလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။

အမှန်ကို အားတက်ချင်စရာကောင်းလှတယ်။ အဖေနဲ့ကလေးတွေရဲ့ ပထမဆုံးစစ်မှန်တဲ့အပြန်အလှန်အပြုအမူလေးလို့ ခံစားရတယ်။ 'မင်းရှိတာကို ငါသိတယ်၊ ဒါပေမယ့် မင်းကတော့ ငါ့ကိုဘယ်လိုတုန့်ပြန်ရမလဲဆိုတာ မသိဘူး'ဆိုတဲ့ တစ်ဖက်သတ်ခံစားချက်မျိုး မဟုတ်ဘူး။

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Место, где живут истории. Откройте их для себя