အပိုင်း - ၃၈.၂

27.1K 4.2K 119
                                    

{Zawgyi}

•လူသေတပ်ကြီး•

"ဒါက အသီးအရွက်ဖျော်ရည်လား?"

လဲ့ယောင်က "ဟုတ်တယ်လေ စိတ်ချ အဲ့အသီးအရွက်ဖျော်ရည်ကလေ အရမ်းအရသာရှိပြီး ခင်ဗျားအတွက်လည်းကောင်းတယ်"

"အဲ့လိုလား?" ရှုယောင်ပြန်ပြောတယ်။ ပြီးနောက် အသီးအရွက်ဖျော်ရည်ကို စုပ်သောက်ပြီး ခေါင်းတငြိတ်ငြိတ်နဲ့ပြောလာတယ် "ဟုတ်သားပဲ တကယ်ကောာင်းတယ်ကွာ"

လဲ့ယောင် "!!!"

'အဲ့တာကြီးကို ဘူးသီးခါးခါးကြီးနဲ့ တရုတ်နံနံကိုရောညှစ်ပြီး အရည်လုပ်ထားတာလေ!! မဟုတ်သေးဘူး! ဟန်ဆောင်နေတဲ့လူကြီး!'

သူ့လုပ်ရပ်မအောင်မြင်တာကိုမြင်လိုက်ရတဲ့ လဲ့ယောင်ရဲ့အမူအယာကိုကြည့်ပြီး ရှုယောင်ရယ်ချင်နေတယ်။ အဲ့အပြင် ဒီအသီးအရွက်ဖျော်ရည်ဆိုတာကလည်း မဆိုးလှဘူး။ နည်းနည်းတော့ခါးတယ်ဆိုပေမယ့် အရသာကအတော်လေးထူးခြားတယ်။

အစတုန်းက ရှုယောင်ရဲ့ဖျော်ရည်ထဲကို ဆားနဲ့ ရှာလကာရည်ထည့်လိုက်ချင်ပေမယ့် ဦးလေးမင်ပြောပြခဲ့တဲ့အတိတ်ကအကြောင်းတွေကို ပြန်တွေးမိပြီး လဲ့ယောင်အဲ့ဆန္ဒကိုထိန်းချုပ်ခဲ့တာဖြစ်တယ်။ 'အခုပြန်တွေးကြည့်ရင် အကြီးကြီးနောင်တရတယ်၊ ဆားနဲ့ရှာလကာရည်တင်မကဘူး အဆိပ်ပါထည့်ပေးလိုက်သင့်တာ!'

နောက်ပြီးတော့ ဒီလူတွေကလည်း ရှုယောင်လိုပဲ အစားကြီးကြတယ်။ လဲ့ယောင် ဟင်းပွဲဆယ်ပွဲ၊ စွပ်ပြုတ်တစ်ခွက်နဲ့ အချိုပွဲတစ်ဝိုင်းကို ပမာဏအများကြီးလုပ်ထားခဲ့တာ။ အခုဘာမှမကျန်တော့ဘူး။ ရှုယောင်က ဟင်းသီးဟင်းရွက်တွေနဲ့ ထမင်းကို အများကြီးစားပစ်တဲ့အပြင် အံ့သြစရာကောင်းလောက်အောင် အသီးအရွက်ဖျော်ရည်ခါးခါးကြီးကိုလည်း အကုန်သောက်ပစ်လိုက်သေးတယ်။

လဲ့ယောင်ကထမင်းစားပြီး အအီပြေစားရအောင် အသီးတချို့ခွဲပေးချင်ပေမယ့် ကွမ်ရွှယ်ဖန်းနဲ့ တျန်းယီတို့က သူတို့သာထပ်စားမယ်ဆိုရင် လှုပ်တောင်လှုပ်နိုင်တော့မှာမဟုတ်ဘူးဆိုပြီး တပြိုင်နက်ငြင်းဆိုကြတယ်။ ကွမ်ရွှယ်ဖန်းက "ရှောင်လဲ့လေး အရင်နားလိုက်ပါအုံး၊ ဦးလေးကွမ်က မင်းကိုနည်းနည်းလောက်ဒုက္ခပေးပြီး မေးစရာလေးရှိနေတယ်ကွယ့်"

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Donde viven las historias. Descúbrelo ahora