{Zawgyi}•ဥခြောက်လုံး•
လဲ့ယောင်က ကြည့်လို့ကောင်းတယ်၊ စိတ်သဘောထားလေးကလည်း ကောင်းသေးတယ်၊ အချက်အပြုတ်လည်းတော်ပြီး ထူးခြားတဲ့စွမ်းရည်တွေလည်း ရှိတယ်။ သူက မြေပြင်ပေါ် မဆင်းသက်လာသင့်ပဲ ကောင်းကင်ဘုံနဲ့သာ သက်ဆိုင်တဲ့ဖြစ်တည်မှုလေးတစ်ခုလိုပဲ။ ရှုဝေ့နဲ့ ရှန်းရှင်းတို့နှစ်ယောက်စလုံး လဲ့ယောင်လိုမျိုးချွေးမလေးရလိုက်တာကို အရမ်းကျေနပ်နေကြတယ်။ အဲ့အစား သူတို့သားကတောင်မှ ဒီကလေးနဲ့မတန်ဘူးလို့ ခံစားမိနေတယ်။
'ဒီလက်ထပ်မှုက တကယ်ကိုကောင်းတယ်!'
အခုလဲ့ယောင်လို ရတနာမျိုးလေးက နှစ်ယောက်ထပ်မရှိနိုင်ဘူး။ ရှုဝေ့နဲ့ ရှန်းရှင်းတို့က လက်ရှိသူတို့အခြေအနေကြောင့် ဘာမှမလုပ်ပေးနိုင်ကြဘူးဆိုပေမယ့် သူတို့စိတ်ပူပေးကြတာနဲ့တင် လုံလောက်နေပြီ။ သူတို့အချင်းချင်းနေ့ဘက်မှာ မတွေ့ကြရဘူးဆိုပေမယ့် ညရောက်ပြီဆိုတာနဲ့ အသက်ကြီးကြီးစုံတွဲက သူနဲ့အတူ onlineပေါ်မှာ ဈေးဝယ်ပေးတာ၊ ကလေးပစ္စည်းလေးတွေ ကူရွေးပေးတာ၊ TVကြည့်ပေးကြတာနဲ့ ခြံဝင်းထဲ လမ်းလျှောက်တာမှာတောင် အဖော်ပြုပေးမယ်။ အရင်တုန်းက ဒီလိုမျိုးတွေကို ရှုယောင်တစ်ယောက်တည်းလုပ်ပေးရတယ်။ အခုကျတော့ အသက်ကြီးကြီးစုံတွဲကလည်း အစားထိုးပြီးလုပ်ပေးနေကြတယ်။ သူတို့လည်း ရှုယောင်ကလေးဘ၀တုန်းက အကြောင်းလေးတွေကို ပြန်အောက်မေ့နေမိတယ်။ သူတို့မှာ အမှတ်တရတွေအများကြီးမရှိဘူးဆိုပေမယ့် သူတို့ပြောပြတာကို နားထောင်ပေးရတာ သဘောကျတယ်။
လဲ့မိသားစုလိုမဟုတ်ဘဲ တကယ့်မိသားစုဆိုတာ ဒီလိုမျိုးဖြစ်သင့်တယ်လို့ လဲ့ယောင်မြင်မိတယ်။
သူဟွာရှားကိုပြန်ရင် ဒီစုံတွဲကိုပါခေါ်သွားမယ်လို့ သူဆုံးဖြတ်ထားတယ်။ နောက်ဆို သူတို့ဘယ်သွားသွား မိသားစုတွေ တစ်စုတစ်ဝေးတည်းဖြစ်နေတော့မယ်။
"ဒီလောက်မြန်မြန်ကြီး ဟွာရှားကို ပြန်သွားချင်နေတာလား?" ရှုယောင် လဲ့ယောင်ရဲ့စူထွက်နေတဲ့ဗိုက်လေးကို အသာပွတ်ပေးလိုက်တယ် "အခုချိန်တားရော့ရဲ့အပူချိန်က အနေတော်ပဲ သက်သောင့်သက်သာရှိတယ်လေ၊ ဒီမှာနေတာက မကောင်းဘူးလား?"
ŞİMDİ OKUDUĞUN
ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}
RomantizmTitle - The general loves to collect little red flowers Author: 困成熊猫 Total Chapters: 111 Chapters Genre - Comedy, Interstellar, omegaverse, Sci-fi, Transmigration Eng Translator - Frozenmirage Myanmar Translator - Kay_Wine 😉