Extra - 2

14.3K 2.4K 273
                                    

{Zawgyi}

•ယန်ကျဲ့ - ယန်းဟန်းတျန်း (၂)•

ယန်းဟန်းတျန်းရဲ့အခန်းတံခါးနားရောက်တဲ့အချိန်မှာ သူမရဲ့သားသုံးယောက်လုံး အထဲမှာရောက်နေတာကိုတွေ့လိုက်ရတယ်။

ထို့နောက် သူမက ပြုံးကာ "အိုး? ရှားရှားပါးပါးမြင်ကွင်းလေးပဲ ဒီလောက်အစောကြီး သားတို့သုံးယောက်လုံးကို ဒီမှာတွေ့ရတာ"

ယန်းဟန်းရှီက "ကျွန်တော်တို့က အစ်ကိုကြီးနဲ့ စကားလာပြောတာ၊ ပိုင်နင်ဘယ်တုန်းက ရောက်လာတာလဲ?"

'ပိုင်နင်'ဆိုတာ မဒမ်ယန်းနဲ့အပေါ်ထပ်ကို စကားတပြောပြောနဲ့တက်လာတဲ့ လူငယ်လေးဖြစ်တယ်။ ဒီအသက်နှစ်ဆယ်စွန်းစွန်းသာရှိတဲ့လူငယ်လေးက အုန်းခွံရောင်ဆံပင်တိုလေးနဲ့ ဖရုံစေ့မျက်နှာကျလေး၊ ဖြူဖွေးသန့်စင်တဲ့အသားအရေလေးရှိတယ် _ သူ့ပုံလေးက စံပြုလောက်တဲ့ဘေးအိမ်ကညီငယ်လေးလိုပင်။

ယန်းမိသားစုက ယခုနေထိုင်ရာဆီကို မပြောင်းခင်တုန်းက ယန်းမိသားစုနဲ့ ပိုင်မိသားစုက ရပ်ကွက်တစ်ခုတည်းမှာ နေထိုင်ကြတဲ့ အိမ်နီးချင်းတွေဖြစ်တယ်။

"အစ်ကိုဟန်းတျန်း ပြန်လာတယ်ကြားမိလို့ ကျွန်တော်သူ့ကိုလာတွေ့တာ" ပိုင်နင်ပြုံးကာ "အစ်ကိုဟန်းရှီ၊ ဟန်းယု နေကောင်းကြရဲ့လား?"

"ကောင်းပါတယ်" ယန်းဟန်းရှီခေါင်းငြိတ်ကာ သူ့ရဲ့အကြီးဆုံးအစ်ကိုကို လှမ်းကြည့်လိုက်တယ်။

"ဒါဆိုလည်း မင်းတို့နှစ်ယောက် ဘာလို့အောက်မဆင်းလာတာလဲ? ပိုင်နင် ဒီကိုလာတာရှားတယ်၊ သားတို့အတွက် သရေစာလေးတွေလုပ်ပေးဖို့ ယွိမားကိုပြောလိုက်မယ်" မဒမ်ယန်းက ဒီလိုပြောပြီး သူမသားနှစ်ယောက်ကို အောက်ထပ်ဆင်းသွားကြဖို့ မျက်စပစ်ပြလိုက်တယ်။

သူမ တကယ်ကြီး ပိုင်နင်နဲ့ သူမသားအကြီးကောင်တို့ကို နှစ်ယောက်တည်းစကားပြောစေချင်တယ်။ ဒါပေမယ့်အမှန်ဆို သူမသားအကြီးကောင်က ပိုင်နင်အပေါ်လုံးဝစိတ်မဝင်စားဘူးဆိုတာ သူမသိပြီးသားဖြစ်တယ်။ မဟုတ်ရင် သူတို့နှစ်မိသားစုလုံး ခမည်းခမက်တွေတောင်ဖြစ်နေလောက်ပြီ။ 'ဒါပေမယ့် ဘယ်လိုတွေဖြစ်လာမယ်ဆိုတာကို ဘယ်သူသိမှာလဲ နော့လေ?'

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Donde viven las historias. Descúbrelo ahora