{Zawgyi}
•ရုတ်တရက်ပြောင်းလဲသွားသော အခြေအနေ•
"မင်း ဝမ်မျိုးရိုးကောင် မင်းရူးနေပြီလား?! မင်း အခုဘာလုပ်မိနေလဲဆိုတာတောင် သိရဲ့လား?" ရှုယောင်က တစ်ဖက်လူရဲ့ဆက်သွယ်ရေးစနစ်နဲ့ ချိတ်ဆက်နိုင်ပြီးနောက် ရှားရှားပါးပါး ခံစားချက်ပြင်းစွာနဲ့ ထိုလူကို ကြမ်းတမ်းစွာ တရစပ်ကျိန်းမောင်းတော့တယ်။ ခြုံငုံပြောရရင် သူစိမ်းရန်သူတွေနဲ့ တိုက်ခိုက်ရတာ သူတို့အဖို့ ကိစ္စမရှိပေမယ့် အခုဟာက ကိုယ့်အချင်းချင်းပြန်တိုက်ခံလိုက်ရတာဖြစ်တယ်။ သူက ဟွာရှားမှာ အခြေစိုက်နေရတာဖြစ်လို့ သွေးအကျဉ်းထောင်က လူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိဘူးဆိုအုံးတော့ အဆုံးမှာ သူတို့အားလုံးက တားရော့မြို့သားတွေသာဖြစ်တယ်။
"Hmm... အခုလိုမျိုးတောင် ဘယ်တုန်းကမှ လေးနက်ဖူးတာမဟုတ်ဘူး" screenပေါ်က ဝမ်သယ့်ချင်းရဲ့ ရက်စက်တဲ့မျက်နှာမှာ စိတ်မဝင်စားမှုတွေပြည့်နှက်နေပြီး လှောင်ရိပ်တွေသမ်းနေတယ်။ "ငါတို့နှစ်ယောက်လုံးက ဝေးလံတဲ့ဂြိုလ်တွေမှာ တူညီတဲ့တာဝန်တွေရထားပေမယ့် မင်းကတော့ ဒီနေရာမှာ နွေးထွေးတောက်ပတဲ့နေရောင်ခြည်ကို ခံစားနေပြီး ငါတို့ဝမ်မိသားစုကျတော့ အေးစက်မှောင်မည်းနေတဲ့ သွေးအကျဉ်းထောင်ကို စောင့်ကြပ်နေရတယ်၊ မင်းက ဘာလို့လဲဆိုပြီး ငါ့ကို လာမေးနေသေးတယ်?!"
"မင်းက ကိုယ့်လူကိုယ် ပြန်တိုက်တဲ့ အကြောင်းအရင်းက အဲ့တာလား?"
"မင်းက အဲ့တာကြောင့်လို့ထင်တယ်ဆိုလည်း အဲ့တာကြောင့်ပေါ့ကွာ" ဝမ်သယ့်ချင်း ရယ်မောလိုက်တယ် "တကယ်တော့ စစ်ပွဲကြီးကလည်း စနေပြီးသားဖြစ်နေပြီဆိုတော့ မရပ်ခိုင်းချင်တော့ဘူး၊ ဗိုလ်ချုပ်ကြီးရှု ခန့်မှန်းကြည့်လေ ဒီစစ်ပွဲမှာ ဘယ်သူနိုင်မလဲ?"
"ငါက ခန့်မှန်းနေစရာလိုသေးလို့လား? ဒီသခင်ကြီးက ဘ၀တစ်လျှောက်လုံး 'အနိုင်ယူတယ်'ဆိုတဲ့ စာလုံးရေးနည်းကိုပဲ သင်လာခဲ့တာ၊ ပြီးတော့ ဂြိုလ်သားတွေနဲ့ အင်အားပူးပေါင်းလိုက်ရုံနဲ့တင် မင်းကအောင်နိုင်မှာ သေချာတယ်လို့ ထင်နေတာလား? ဧကရာဇ်ရဲ့ ဟွာရှားအပေါ် အရေးပေးမှုက မင်းထင်ထားတာထက် အများကြီးပိုသာတယ်"
![](https://img.wattpad.com/cover/206501400-288-k27736.jpg)
ESTÁS LEYENDO
ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}
RomanceTitle - The general loves to collect little red flowers Author: 困成熊猫 Total Chapters: 111 Chapters Genre - Comedy, Interstellar, omegaverse, Sci-fi, Transmigration Eng Translator - Frozenmirage Myanmar Translator - Kay_Wine 😉