36.9K 5.3K 89
{Zawgyi}
အထူးဆေးဝါး? ပထမဆုံးလဲ့ယောင်တွေးလိုက်မိတာက မူလပိုင်ရှင်ကသူထွက်ပြေးခါနီးသောက်ထားတဲ့ ဂလင်းတွေထိခိုက်နိုင်တဲ့ တားမြစ်ဆေးကလွဲရင် လတ်တလောမှာ အထူးဆေးဝါးတွေ စားသုံးထားတာမရှိဘူး။
လဲ့ယောင် မူလကိုယ်ပိုင်ရှင်ဆေးစားလိုက်ပြီးတဲ့အချိန်ကို ဂရုတစိုက်ပြန်စဉ်းစားလိုက်တယ်။ အစပိုင်းတော့အဲ့တာက ဘာအချက်မှမပြပေမယ့် တဖြည်းဖြည်းသူ့ရဲ့ရနံ့ကဖျော့လာပြီး ဘာမှမရှိသလောက်ကိုဖြစ်သွားခဲ့တယ်။ ပြီးတဲ့နောက်မှာ သူ့ကိုလိုက်ရှာမရအောင်ကို လွတ်မြောက်သွားခဲ့တယ်။
နောက်ပိုင်း ဂုတ်ပေါ်မှာရှိတဲ့glandက heatတက်လာပြီး အပ်စိုက်သလိုစူးရှလာပြီး နောက်ခဏကြာတော့ ပိုပိုပြီးနာကျင်လာကာ တောအုပ်ထဲမှာပြေးလွှားနေရတဲ့အချိန် နာကျင်မှုကတစ်ကိုယ်လုံးပျံ့နှံ့လာပြီး ဘယ်လိုမှသည်းမခံနိုင်တဲ့အဆုံးမှာ မေ့လဲကျသွားပြီး သေဆုံးခဲ့ရတယ်။
အခုမှသူပြန်တွေးကြည့်လိုက်တော့ မူလကိုယ်ပိုင်ရှင်ကို တစ်ယောက်ယောက်က ခိုးကြောင်ခိုးဝှက်တောထဲကိုအခုလိုချောချောမွေ့မွေ့ပြေးနိုင်အောင် ကူညီလိုက်တဲ့သူရှိကိုရှိလိမ့်မယ်။ အင်း~~~
ရှုယောင် လဲ့ယောင်ရဲ့အမူအယာကိုလိုက်ကြည့်နေတယ်။ ဒေါက်တာဟူကလည်း လဲ့ယောင်ရဲ့မျက်နှာက တဖြည်းဖြည်း ဖြူဖတ်ဖြူရော်ဖြစ်လာကာ တစ်စုံတစ်ရာကိုတွေးတောနေသလိုဖြစ်နေပြီး သက်သောင့်သက်သာမရှိတဲ့ပုံဖြစ်နေတာကို တွေ့လိုက်ရတယ်။ သူတိုးတိုးလေးလှမ်းခေါ်လိုက်တယ် "Mr ရှောင်လဲ့?"
လဲ့ယောင်ရုတ်တရက် သတိပြန်ကပ်သွားတယ် "အာ?"
"ဒေါက်တာဟူက မင်းခုတလော အထူးဆေးဝါးတွေသုံးထားသေးလားလို့ မေးနေတယ်" ရှုယောင် ထပ်ပြောလိုက်တယ်။
အဖြေကိုပြန်ဖြေမယ့်အစား လဲ့ယောင်မေးခွန်းထုတ်လိုက်တယ် "ဒေါက်တာ၊ ကျွန်တော်အရင်မေးချင်တာက အဲ့လိုOTRနည်းနေတယ်ဆိုရင် ကျွန်တော့်အပေါ်ဘာသက်ရောက်မှုတွေရှိနိုင်လဲ?"
"ရှိတာပေါ့" ဒေါက်တာဟူက ပြောလိုက်တယ်။ "ခြုံငုံပြီးပြောရမယ်ဆိုရင် ပထမဆုံးOTRနည်းတယ်ဆိုတာ glandတွေက ကျန်းကျန်းမာမာရှိမနေဘူး၊ ပြီးတော့ မင်းရဲ့OTRအချက်အလက်တွေအရဆိုရင် မင်းရဲ့glandတွေက သာမန်မဟုတ်တဲ့pheromoneတွေ၊ သာမန်မဟုတ်တဲ့ heat cycleတွေနဲ့ အနာဂတ်မှာ တခြားအခြေအနေတွေပါ ဖြစ်လာနိုင်တယ်လို့ ဖော်ပြနေတယ်.. အဲ့တာမင်းအတွက် မကောင်းနိုင်ဘူး..." ဒေါက်တာဟူ ရှုယောင်ကိုကြည့်ပြီး ပြောလိုက်တယ် "အဲ့တာက မင်းရဲ့လက်တွဲဖော်ကို ဆွဲဆောင်နိုင်တယ်.. သေချာဆွဲဆောင်နိုင်လောင်အောင် မရှိဘူးဆိုရင် ကိုယ်ဝန်ဆောင်နိုင်ချေနည်းသွားနိုင်တာ ဒါမှမဟုတ်ရင် မင်းရဲ့အခြေအနေတည်ငြိမ်တော့မှာ မဟုတ်ဘူး၊ နောက်တစ်ခုကယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် omegaတွေရဲ့ heat cycle က ပထမအကြိမ်ပြီးသွားတာနဲ့ အများအားဖြင့် အခြေကျသွားတတ်ကြတယ်.. ပြီးရင် တစ်နှစ်တာရဲ့ပထမဆုံးလနဲ့ လဝက်လောက်ဆိုပြီး အတိအကျဖြစ်သွားကြတယ်၊ ဒါပေမယ့် မင်းကတော့ ဘယ်အချိန်မဆို heatဖြစ်လာနိုင်တယ်.. ကျွန်တော်ပြောတာ နားလည်ပါသလား? ဘယ်အချိန်မဆို ဆိုတာကတော့ အန္တရာယ်ရှိပါတယ်"
ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Dove le storie prendono vita. Scoprilo ora