အပိုင်း - ၇၂

17.3K 3.4K 327
                                    


{Zawgyi}

•ကမ်းကုန်တဲ့ရိုက်ချက်•

အချင်းချင်းမတွေ့ရတာ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ ဧကရီမိခင်နဲ့ သားအတွဲကလွဲရင် လူတိုင်းက အသံတိုးတိုးလေးနဲ့ပြောဆိုနေကြတယ်။ အဲ့တာကြောင့် ရှုယောင်ရဲ့ ကျယ်လောင်တဲ့ဒေါသတကြီးလေသံထွက်လာတဲ့အခါ လူတိုင်းကချက်ချင်းဆိုသလို Aldrichကို ကြည့်လာတယ်။ သူတို့က လဲ့ဖေးရှန်နဲ့စကားပြောနေတဲ့ Aldrichလည်ပင်းကို လက်နှစ်ဖက်က ကိုင်ထားတာကိုတွေ့လိုက်ရတယ်။ သူ့မျက်နှာက လုံးဝကိုနီရဲနေပြီး နောက်စက္ကန့်ပိုင်းအတွင်းမှာ သေရတော့မယ်လူလိုမျိုး ရုန်းကန်နေရတယ်။ သူ့ဘေးနားက ဗိုလ်ချုပ်ကြီးDavisက သူ့သားလည်ပင်းပေါ်က 'ထိုလူရဲ့လက်တွေ'ကို ဆွဲဖယ်နိုင်ဖို့ ကြိုးစားနေပေမယ့် အသုံးမဝင်ဖြစ်နေတယ်! သူ တစ်ဖက်လူကိုလုံးဝ ထိလို့မရဘူး! သူပိုပြီးဆွဲဖို့ကြိုးစားလေ သူ့သားကလေထဲမှာပိုမြင့်မြင့် ပေါလောဖြစ်နေလေဖြစ်ကာ သူပါသူ့သားနဲ့အတူတွဲလောင်းပါသွားတယ်!

ဒုတိယထပ်က မာရှယ်ကြီးKonczက သူ့မြေးဖြစ်သူ သေလုနီးပါးလည်ပင်းညှစ်ခံနေရတာကိုမြင်တော့ ဒေါသပုန်ထကာအော်ဟစ်တော့တယ် "ရှုယောင်! ဒါကဘာကိုဆိုလိုချင်တာလဲ?"

ဧကရာဇ်ခွန်တကလည်း မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ် "ဗိုလ်ချုပ်ကြီးရှုယောင် ဗိုလ်ချုပ်ကြီး Aldrich Davisက ဘာပြောလိုက်လို့လဲ?"

ရှုယောင်က မာရှယ်ကြီး Konczမေးခွန်းကို ပြန်မဖြေဘဲ ဧကရာဇ်ခွန်တကို တိုက်ရိုက်ပြန်ပြောလိုက်တယ် "ဧကရာဇ် ခုလေးတင် ဗိုလ်ချုပ်ကြီး Aldrichက ကျွန်တော့်ဇနီးသည်ရဲ့အမှတ်အသားကို ဖျက်ပစ်ပြီး သူတို့ရဲ့ ၁၇စုမြောက်တပ်မှာ တာဝန်ထမ်းဆောင်ခိုင်းမယ်လို့ ပြောလိုက်ပါတယ်၊ ကျွန်တော်တောင်းပန်ပါတယ် ဒီလိုစကားမျိုးကြားလိုက်ရတော့ ကျွန်တော့်ရဲ့ခံစားချက်တွေကို ထိန်းချုပ်ရခက်သွားတယ်"

တကယ်တော့ အဖိုးကြီး Davisလည်း သူ့သားတီးတိုးပြောနေတာကို ပြတ်ပြတ်သားသားကြားလိုက်ရတယ်ဆိုပေမယ့် သူကျယ်ကျယ်လောင်လောင် ငြင်းခုန်လိုက်တယ် "အဓိပ္ပါယ်မရှိတာ! သူက မင်းနဲ့အဝေးကြီးမှာထိုင်နေတာ! သူဘာပြောလဲဆိုတာကို မင်းကြားနိုင်တာဘယ်လိုမှမဖြစ်နိုင်ဘူး!"

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Unde poveștirile trăiesc. Descoperă acum