အပိုင်း - ၇၇

16.8K 3.3K 112
                                    

{Zawgyi}

•သူ့ရဲ့ယောက္ခမတွေရောက်လာပြီ•

စုံတွဲဝတ်ထားတဲ့အဝတ်အစားတွေက အတော်လေးစုတ်ပြတ်နေပြီး သူတို့မသေခင် ထိခိုက်ဒဏ်ရာရခဲ့မှန်း သက်သေပြသလိုဖြစ်နေတယ်။ ဒါပေမယ့် တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဒီနှစ်ယောက် သူ့ရဲ့ယောက္ခထီးနဲ့ ယောက္ခမဆိုတာ လဲ့ယောင်ပြောနိုင်တယ်!

ရှုယောင်မျက်ခုံးတွေက သူ့အဖေနဲ့တစ်ပုံစံတည်းဖြစ်ပြီး နားရွက်ပုံစံကတော့ သူ့အမေနဲ့ဆင်တူတာကြောင့် မိသားစုမဟုတ်ဘူးလို့ ငြင်းနိုင်စရာမရှိဘူး။

လဲ့ယောင် ရှုယောင်ကို စက္ကန့်ပိုင်းလောက်စိုက်ကြည့်ပြီးနောက် စုံတွဲအိုတစ်တွဲကိုကြည့်လိုက်ပြီး ရုတ်တရက် တောင့်တောင့်ကြီးဖြစ်လာတယ်။ ခုနလေးကတင်ပဲ အကျယ်ကြီးအော်လိုက်တာလေ…

‘ငါ့ရဲ့မိဘဖြစ်လာမယ့်သူတွေကို မကောင်းတဲ့အမြင်ကြီးတွေနဲ့ မကျန်ခဲ့သင့်ဘူးလေ!’

လဲ့ယောင် မြန်မြန်ဆန်ဆန် ဂဏန်းတစ်ကောင်လို ဘေးတိုက်လျှောက်ပြီး အနောက်ကို နှစ်လှမ်းဆုတ်ကာ ရှုယောင်နားမှာရပ်ပြီး လက်မောင်းကိုလှမ်းကိုင်ထားရင်း ခုနစ်သုံးလုံးဆိုရင် နှစ်ဆယ့်တစ်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို လုံးဝလျစ်လျူရှုပြီး တောက်ပစွာ ပြုံးပြုံးလေးနေလိုက်တယ် “ဟယ်လို ဦးလေးနဲ့ အန်တီ” [T/N : ခုနစ်သုံးလုံးဆိုရင် နှစ်ဆယ့်တစ်ဖြစ်တယ်ဆိုတာက တကယ်ဖြစ်နေတဲ့အခြေအနေတစ်ရပ်ကိုပြောချင်တာပါ]

ဖေဖေရှုနဲ့ မေမေရှု “…”

နှစ်ပေါင်းနှစ်ဆယ်လုံးလုံးကြာပြီးတော့မှ သူ့မိဘတွေကို ပြန်တွေ့နိုင်မယ်ဆိုတာ မမျှော်လင့်ခဲ့တာကြောင့် ရှုယောင်ခဏလောက် အတောင့်လိုက်ရပ်နေမိတယ်။ သူ့နားက လဲ့ယောင်အသံကြားတော့မှပဲ သတိပြန်ကပ်လာတယ်။ လဲ့ယောင်ကို ဦးဆောင်ပြီး ရှေ့ကိုအနည်းငယ်တိုးကာ သူ့မိဘတွေရဲ့ရှေ့မှာရပ်ပြီး သူတို့ကို ရှုပ်ထွေးနေတဲ့အကြည့်နဲ့ကြည့်ပြီး ပြောလိုက်တယ် “အမေ အဖေ ကျွန်တော် ရှုယောင်ပါ”

သူ့အဖေနဲ့အမေဆုံးသွားတုန်းက  ရှုယောင်ကလေးပဲရှိသေးတယ်ဆိုပေမယ့် သူကအရမ်းဉာဏ်ကောင်းတာကြောင့် သူ့မိဘတွေရဲ့ပုံစံကို အချိန်တိုင်းမှတ်မိနေခဲ့တယ်။ သူတို့အတူရိုက်ထားတဲ့ဓာတ်ပုံတွေကိုလည်း သိမ်းထားတယ်။ သို့ပေမယ့် ဒီစုံတွဲကို တကယ်တမ်းမျက်နှာချင်းဆိုင်တွေ့လိုက်ရတဲ့အခါကျပြန်တော့ နည်းနည်းစိမ်းနေသလို ခံစားရတယ်။

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Tempat cerita menjadi hidup. Temukan sekarang