အပိုင်း - ၂၃

31.6K 4.9K 190
                                    

{Zawgyi}

•စိတ်အာရုံကို လှည့်စားခြင်း•

လဲ့ယောင်နဲ့ ရှုယောင်တို့အိမ်ကိုပြန်ရောက်တဲ့အချိန်မှာ ညသန်းခေါင်တောင်ရောက်နေပြီ။ တကယ်ကြီးသူတို့မျက်လုံးနဲ့ဆက်ဆက် တျန်းယီရဲ့ဒဏ်ရာက ပြောင်းလဲလာတာကို မြင်တွေခဲ့ရတာကြောင့် ပိုသက်သာလာတဲ့အချိန်မှာ အိမ်ကိုစိတ်ချလက်ချပြန်ခဲ့ကြတယ်။ သူတို့အိမ်ပြန်ရောက်တဲ့အခါ ချက်ချင်းတန်းနားတာရော အိပ်ရာဝင်တာရော ဘာမှမလုပ်နိုင်ဘဲ နောက်ရက်အတွက် ပြင်စရာရှိတာတွေ ပြင်နေရတယ်။

အဆောင်လက်ဖွဲ့ပေါ်မှာ အက္ခရာစာတွေဆွဲနိုင်ဖို့ အဲ့အပေါ်မှာ နတ်ဘုရားကိုပင့်ပြီး ကောင်းချီးပေးခိုင်းဖို့လိုတယ်။ ပြီးတော့ ပင့်ဖိတ်ဖို့အတွက်ဆိုရင် သေချာပေါက်အမွှေးနံ့သာတိုင်လိုတယ်။ အဲ့တာကြောင့် လဲ့ယောင်ကအနံ့ပေါင်းစုံနဲ့အမွှေးနံ့သာမှုန့်တွေလုပ်ရတဲ့အပြင် ကော်အတွက်လည်း ကောက်ညှင်းဆန်မှုန့်တွေကို ပြုတ်ရသေးတယ်။ ညမှာတအားကို အလုပ်ရှုပ်နေရတယ်။

ရှုယောင်ကျတော့ ဒီလိုကိစ္စကြီးတွေဖြစ်သွားတဲ့အခါ ထုံးစံအတိုင်းသူ့ရဲ့လက်အောက်ငယ်သားတွေနဲ့ တိုင်ပင်ချင်တယ်။ ဗိုလ်ချုပ်ကြီးက လက်အောက်ငယ်သားတွေနဲ့အတူ မနားနေခဲ့ဘူး။ လဲ့ယောင်ရဲ့ကိစ္စတွေကို ချက်ကျလက်ကျဒီလူတွေကို မပြောနိုင်ပေမယ့် ဟွာရှားကြယ်မှာသူအယုံကြည်ရဆုံး သီးသန့်လူတချို့ရှိတာကြောင့် သူတို့ကိုတော့ သိအောင်လုပ်ပေးလိုက်တယ်။

“အစ်ကိုကြီးရှု ဒီဂြိုလ်မှာသေပြီးတဲ့သူတွေ တကယ်ရှိတယ်လို့ဆိုလိုတာလား?” Light Mecha Regimentခေါင်းဆောင် ကျန်းရှုဝေကမေးလိုက်တယ်။

“ဟုတ်တယ် ဒီလိုအရာမျိုးက နားလည်ဖို့ခက်တယ်ဆိုတာ သိတယ်” ရှုယောင်တည်ငြိမ်စွာပြောလိုက်တယ် “ဒီနှစ်ရက်အတွင်းမှာ မင်းတို့ကိုယ်တိုင်မြင်အောင် ငါပြမယ်၊ ပြီးတော့မှ မှန်လားမှားလား မင်းတို့သိလိမ့်မယ်”

“ဒါပေမယ့် ကျွန်တော်တို့ဌာနခွဲတစ်ခုလုံး ဒီလိုဖြစ်တာပထမဆုံးအကြိမ်ပဲ၊ ကျွန်တော်တို့ဒီမှာနေလာတာဖြင့် နှစ်ပေါင်းများစွာရှိနေပြီ အရင်က…”

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Tahanan ng mga kuwento. Tumuklas ngayon