အပိုင်း - ၅၇

22.7K 3.4K 72
                                    


{Zawgyi}

•လဲ့ယောင်ရဲ့စီးပွားရေး•

ရှုယောင်က လဲ့ယောင်ကိုအချိန်တစ်ခုလောက်ထိ တကယ်ကြီးအနားယူစေချင်နေပေမယ့် လဲ့ယောင်က သူအဆင်ပြေကြောင်း ယောကျာ်းဖြစ်သူကို အထပ်ထပ်အခါခါစိတ်အေးအေးနေဖို့ ပြောတော့မှပဲ ရွှမ်းရှုသင်တဲ့အတန်းကို မြန်မြန်ပြန်စနိုင်တော့တယ်။ အတန်းထဲမှာပဲ သင်ကြားပေးပြီး မနက်အစောကြီးထကာ တောင်ပေါ်တက်ပြီး တရားထိုင်တာမျိုးတွေ ထပ်မလုပ်တော့ဘူး။ ရာသီဥတုကောင်းတဲ့အချိန်ဆို ကျောင်းသားတွေကို အပြင်ခေါ်ထုတ်ပြီး အပြောင်းအလဲလေးဖြစ်အောင်လုပ်ရင်း နေ့တစ်ဝက်လောက် သင်ပေးဖြစ်တယ်။ ပြီးတော့ ရှုယောင်ကလည်း သူ့ဘေးနားမှာ သက်တော်စောင့်လိုမျိုး ၂၄နာရီ ၇ရက်လုံးရှိနေပေးတယ်။ ဆေးရုံအုပ်လျို့နဲ့ Dr.ကျောင်ကလည်း တွဲဖက်ဆရာဝန်တွေလို လိုက်ပြီးစောင့်ရှောက်ပေးကြတယ်။ ဒီအဖွဲ့နေရာချထားပုံက တော်တော်လေးကောင်းမွန်တာကြောင့် အခြေခံအားဖြင့် ဘာမှစိတ်ပူစရာကိုမရှိဘူး။

ရှုယောင်ကို လဲ့ယောင်ရဲ့သက်တော်စောင့်လိုလည်း ပြောလို့မရသေးဘူး။ ဘာကြောင့်ဆို သူလည်းအလကားနေနေတာမဟုတ်လို့ပဲ။ သူက ဆေးရုံအုပ်လျို့နဲ့ ကျန်လေးယောက်လိုမျိုး သင်ခန်းစာတွေကိုလိုက်နားထောင်တယ်။ တောင်ပေါ်မှာတုန်းက သူ့ရဲ့ကိုယ်ကျိုးမငဲ့တဲ့အဆင့်က အနီးစပ်ဆုံးရောက်သွားတာကြောင့် လဲ့ယောင်က သူ့ကိုပါ သူတို့အတန်းမှာ ဝင်ပြီးသင်ကြားဖို့ အကြံပြုလိုက်တယ်။ တကယ်လို့ ရှုယောင်သင်နိုင်ပြီဆိုရင် သူတို့ကွန်ယက်ကကျယ်ပြန့်သွားပြီး ရွှမ်းရှုကို ဒီ့ထက်ပိုပြီး ဖြန့်ကျက်ပေးနိုင်မှာကြောင့်ဖြစ်တယ်။

“ဒါသင်ဖို့အတွက် ကိုယ်ကအရမ်းထန်တယ်လို့ မင်းတွေးနိုင်သေးလား?” ရှုယောင် လဲ့ယောင်ရဲ့မေးစေ့ကို အသာလေးကုတ်လိုက်တယ်။ “ဆရာလေးရှောင်လဲ့?”

“ဖတ်!” လဲ့ယောင် မီးခိုးရောင်ဝံပုလွေကြီးရဲ့လက်သည်းတွေကို ရိုက်ထုတ်လိုက်တယ်။ “ဟုတ်နေတာပဲလေ ဘယ်ကျောင်းသားက ခင်ဗျားလိုမျိုး သူတို့ဆရာရဲ့မေးစေ့ကို တို့ကနန်း ဆိတ်ကနန်းလုပ်နေလို့လဲ?!”

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}حيث تعيش القصص. اكتشف الآن