အပိုင်း - ၂၅

30.7K 4.6K 243
                                    




{Zawgyi}

•ဖန်တရာတေနေပြီ•

လျပ်တစ်ပြက်အတွင်းမှာ သူ့လက်ထဲကငါးကိုယူဖို့ တစ်ယောက်ယောက်ကို ပြောလိုက်ပြီးတော့ ရေပုံးထဲကိုချကာ ပင်လယ်ဘက်ကိုသွားပစ်ခိုင်းနေပြီဖြစ်တယ်။ အဲ့နောက် ပြတင်းပေါက်ကနေ ဆေးရုံခန်းလေးထဲ အလွယ်တကူခုန်ဝင်လာပြီး ဆေးဘီဒိုပေါ်က တစ်ရှုးဘူးထဲကနေ ပိုးသတ်ထားတဲ့ တစ်ရှုးနှစ်ရွက်ကို ထုတ်ယူလိုက်တယ်။

သူ့လက်ကိုဖြေးဖြေးချင်းသုတ်ပြီး ဘာစကားတစ်ခွန်းမှမပြောပေမယ့် လဲ့ယောင်ကြောက်လန့်သွားစေနိုင်တဲ့ အားကောင်းတဲ့ဖိအားကိုတော့ ထုတ်လွှတ်ထားတယ်။

သူကြောက်လန့်တကြားဖြစ်နေတဲ့အခါ ရူးကြောင်ကြောင်တွေကို အလွယ်တကူလုပ်နိုင်တယ်။ အဲ့တာကြောင့် သူ့သတ္တိတွေစုစည်းကာ “ချောင်းဟန့်”လိုက်ပြီး လေထုအလွှာပါးကို မျက်နှာမူပြီး ပြောလိုက်တယ် “ညီအစ်ကိုတို့! ငါ့ရဲ့ယောကျာ်းနဲ့ မိတ်ဆက်ပေးမယ်၊ ဒါကငါ့ရဲ့ထူးချွန်လှတဲ့ဗိုလ်ချုပ်ကြီး ရှုယောင်တဲ့!” သူပြောပြီးတော့ ရှုယောင်မယုံမှာကို ကြောက်နေတဲ့ပုံနဲ့ ပြောတယ် “ဗိုလ်ချုပ်ကြီး ဒီနေ့ကနေလို့ကောင်းတဲ့နေလေးပဲနော်.. ကျွန်တော်ဘာတွေလုပ်နေလဲဆိုတာကို ကျွန်တော့်ရဲ့သေပြီးသားညီအစ်ကိုတစ်ရာလောက်က လာကြည့်နေကြတာ.. ခင်ဗျားသူတို့ကို အခုမမြင်ရဘူးဆိုပေမယ့်လည်း ဝမ်းနည်းစရာတော့မလိုပါဘူး၊ နောက်နှစ်ရက်နေရင် 30ရက်နေ့ရောက်ပြီလေ၊ ကျွန်တော့်ရဲ့စုတ်တံလေးကို ကောင်းချီးပေးလို့ရပြီ အဲ့တာဆိုရင် ခင်ဗျားရဲ့အမြင်ကို ဖွင့်ပေးပြီး သူတို့ဘယ်လိုမျိုးရှိလဲဆိုတာ ပြလို့ရတယ်”

သူ့စကားတွေနဲ့ပဲ ကျီဖန်းယုက “သေပြီးသားညီအစ်ကိုတစ်ရာ”အဖြစ် ရည်ညွှန်းခံလိုက်ရတယ်။

ကျီဖန်းယု “…”

ရှုယောင် ခပ်တိုးတိုးရယ်ပြီး “ကျီဖန်းယုကလွဲလို့ ကျန်တဲ့ညီအစ်ကိုတစ်ရာက ဘယ်မှာလဲ?”

ဖာ့ခ်! ခင်ဗျားဘယ်လိုသိသွားရပြန်တာလဲ?

လဲ့ယောင်က တုံးအလွန်းလို့ အဆိုပါစကားကိုတောင် ထုတ်ပြောမိမတတ်ဖြစ်သွားတယ်။ ခဏလောက် ရှုယောင်ဝိဉာဉ်တွေကို တိုက်ရိုက်မြင်နိုင်တာလားဆိုပြီး သံသယဝင်မိသွားသေးတယ်။ ဒါပေမယ့် ကျီဖန်းယုတခြားဘက်ကို ရွေ့သွားတဲ့အခါ ရှုယောင်ကလိုက်မကြည့်နေခဲ့ဘူးဆိုတာ တွေ့သွားတယ်။

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Onde histórias criam vida. Descubra agora