အပိုင်း - ၆၇

18.6K 3.4K 263
                                    


{Zawgyi}

•သူ့ရဲ့အတိတ်•

လဲ့ယောင်ထူးဆန်းတဲ့ထင်မြင်ချက်ထဲမှာပဲ နစ်မြောနေတယ်။

တဖက်မှာ အခုရှုယောင်က 'သက်ရှိလောက'မှာနေနေတာ အပလောကထဲမှာနေနေတာမဟုတ်ကြောင်း သူ့ကိုယ်သူသတိပေးနေမိတယ်။ ပြီးတော့ ရှုယောင်ရဲ့ယန်စွမ်းအင်က အားကောင်းလွန်းနေတာကြောင့် သူ့ရဲ့မူလနေရာက အပလောက,ကနေဆိုတာလည်း မဖြစ်နိုင်ပြန်ဘူး။ ရှုယောင်က ဒီတိုင်းအရမ်းကိုအထုံပါရမီပါလာတဲ့လူပဲဖြစ်ရမယ်။ နောက်တစ်ဖက်မှာလည်း ရှုယောင်က ဝိဉာဉ်တွေပြုစားလို့မရနိုင်သလို နာကြည်းချက်အငွေ့အသက်တွေကို အပြင်စွမ်းအင်အကူအညီမလိုဘဲ သူ့ဘာသာအမြန်ဖြေရှင်းနိုင်တယ်ဆိုတာကို သိထားတယ်။ သူက စာရွက်ပိုင်းလေးတစ်ရွက်၊ စုတ်တံတစ်ချောင်းနဲ့ cinnabarအရည်လေးအနည်းငယ်လောက်ပဲလိုတယ်၊ ဘယ်သူမှတစ်ဦးတစ်ယောက်မှ ဒီလိုလုပ်နိုင်ကြတာမဟုတ်ဘူး။

ဒီလိုတိုက်ဆိုင်မှုတွေကြောင့် လဲ့ယောင် ရှုယောင်အပေါ် ပိုပိုပြီး လေ့လာဖြစ်လာတယ်။ သူထမင်းစားတာ၊ တီဗွီကြည့်တာ ဒါမှမဟုတ် သူတို့အစည်းအဝေးတွေလုပ်နေတာတွေကအစ ကြည့်ဖြစ်လာတယ်။ သူရှုယောင်ကို ကြည့်မိချိန်တိုင်းလည်း သူ့စိတ်တွေရှုပ်ထွေးလာတယ်။

သူကနတ်ဘုရား ဝင်စားတာလား? မဟုတ်တာလား...

ဒါပေမယ့် အဲ့လိုမဟုတ်ဘူးဆိုလည်း ရှုယောင်က သာမန်လူတွေနဲ့ကွဲပြားစွာ ဒီလောက်များပြားတဲ့စွမ်းရည်တွေရှိနေတာကိ သူဘယ်လိုရှင်းပြရတော့မလဲ?

လတ်တလော အပလောကမှာ အုပ်စိုးသူမရှိဘူး။ သခင်ကြီးယန်ကလည်း ပျောက်နေပြီး သူ့ရဲ့ငယ်သားတွေလည်း ပျောက်နေတယ်။ 'သူတို့ဘယ်သွားနေကြတာလဲ?'

လဲ့ယောင်အရင်တုန်းက ကျီဖန်းယုကိုသူတို့အကြောင်းမေးကြည့်ဖူးတယ်။ ဒါပေမယ့် ရေရေရာရာအဖြေမရရတာကြောင့် သူတို့အကြောင်းခဏလောက် မတွေးဘဲထားလိုက်တယ်။ အခုတော့ သူအဲ့တာကို ပြန်တွေးနေရပြီ။

အပလောကထဲမှာ ဘာကိုမှမမြင်ဖူးသေးတဲ့ လူအများစုကတော့ ငရဲမင်းကြီး ဒါမှမဟုတ် သခင်ကြီးယန်ဆိုတာ မရှိဘူးလို့ပဲ ထင်ကြလိမ့်မယ်။ ဒါပေမယ့် လဲ့ယောင်ကတော့ ဒီလိုအရာမျိုးတွေ တည်ရှိတယ်ဆိုတာကို သိတယ်။ မဟုတ်ရင် သူဝတ်ပြုချိန်တိုင်းမှာ ဘယ်သူ့ဆီကစွမ်းအင်တွေကို ငှားရမှာလဲ ပြီးတော့ ဘယ်နတ်ဘုရားဆီမှာ ကောင်းချီးပေးဖို့တောင်းဆိုရမှာလဲ? သူဆွဲတဲ့အဆောင်တွေက သုံးလို့ရတယ်ဆိုတော့ နတ်ဘုရားတွေတကယ်ရှိသေးလို့ပဲဖြစ်တယ်။

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Où les histoires vivent. Découvrez maintenant