အပိုင်း - ၁၈

32.8K 4.5K 96
                                    

{Zawgyi}

•လက်လုပ်အမွှေးနံ့သာ•

ရှုယောင်ဆီမှာရစ်ဝဲနေတဲ့ နာကြည်းချက်အရိပ်အငွေ့က သူတို့အိမ်ပြန်ရောက်တာတောင် မပျောက်ကွယ်သွားသေးပေမယ့် လဲ့ယောင်ကတော့ ညရောက်ရင်အပြစ်ပေးမယ့်ကိစ္စကို တွေးနေတုန်းပဲ။ 'ငါ့ကို ဟာသလုပ်ရမယ်လို့ သူ့ကိုဘယ်သူပြောထားလို့လဲ!'

လဲ့ယောင်က ညစာကိုတောင်မှ 'တစ်စုံတစ်ယောက်ရဲ့နောက်ဆုံးအစားအသောက်'ကို ပြင်ပေးသလိုမျိုးလုပ်ပေးထားတယ်။ သူပြင်ပေးထားတဲ့ဟင်းပွဲတွေက ငါးပေါင်းဟင်း၊ ဂေါ်ဖီထုတ်အသားလိပ်၊ ပုဇွန်နဲ့ဂေါ်ဖီပန်းစိမ်းဟင်းနဲ့ သခွားသီးသုပ်တွေဖြစ်တယ်။ အဲ့အပြင် ကြက်သားလေးတွေနုတ်နုတ်စင်းထားတဲ့ ပြောင်းဖူးစွပ်ပြုတ်ရယ် ပန်းကန်တစ်ချပ်ထဲမှာ စတော်ဘယ်ရီသီးတွေနဲ့အတူ အဝါရောင်မက်မွန်သီးလေးတွေ သေးသေးလေးစိပ်ပြီး ထည့်ထားသေးတယ်။

ဟင်းလေးပွဲ၊ စွပ်ပြုတ်တစ်ခွက်၊ ထမင်းပန်းကန်လုံးနှစ်ခုနဲ့ အသီးတစ်ပန်းကန်ကြောင့် အရသာရှိပြီး အာဟာရဖြစ်စေတဲ့ ညစာလေးဖြစ်နေတယ်! ရှုယောင်ကြည့်လေလေ သူ့ရဲ့ဇနီးလေးက ဟင်းချက်ကောင်းတာကို ပိုသတိထားမိလေလေဖြစ်တာကြောင့် ဒီကောင်လေးကို လက်ထပ်လိုက်ရတာ တန်တယ်။

ယန်ကျဲ့က ရှုယောင်ကိုတစ်ခုခုမေးဖို့ ရောက်လာတဲ့အချိန်မှာ စားပွဲပေါ်မှာတည်ခင်းထားတဲ့ မြောက်မြားစွာသောစားကောင်းသောက်ဖွယ်တွေကို တွေ့သွားတယ်။ သူအရမ်းဇဝေဇဝါဖြစ်စွာ မေးလိုက်တယ် "အစ်ကိုရှု ဒီဟင်းပွဲတွေကို ကန်တင်းကနေမှာထားတာလား?"

ရှုယောင်ကပြန်ဖြေတယ် "ဒီလိုအရသာရှိတဲ့ဟင်းပွဲတွေကို ကန်တင်းမှာရနိုင်လို့လား? ဒီဟင်းတွေကိုလေ? ဒါပေါ့ အဲ့တာငါ့ရဲ့ဇနီးလေးချက်ထားတာတွေချည်းပဲ"

ယန်ကျဲ့ "..." 'တကယ်ကြီး?'

တကယ်တော့ ယန်ကျဲ့သူ့ကို ပထမဆုံးအကြိမ်စတွေ့တည်းက သဘောမကျနေဘူးဆိုတာ လဲ့ယောင်သတိထားမိတယ်။ ဒါပေမယ့်ဒီလူက ရှုယောင်ရဲ့လက်အောက်ကဖြစ်တာကြောင့် သေချာပေါက်ဒီကို မကြာခဏလာရလိမ့်မယ်။ အဲ့တော့ အကုန်လုံးချစ်ချစ်ခင်ခင်ရှိဖို့ သူမျှော်လင့်တာကြောင့် သူပြောလိုက်တယ် "ဒီမှာပဲ ညစာစားချင်လား? စားစရာတွေကတော့ ကျွန်တော်တို့သုံးယောက်အတွက် လောက်လောက်ငှငှရှိပါတယ်"

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Donde viven las historias. Descúbrelo ahora