အပိုင်း -၃၄

29.1K 4.2K 93
                                    

{Zawgyi}

•သူ့မျက်နှာလေး•

“သူ့အခြေအနေဘယ်လိုလဲ ဆေးရုံအုပ်လျို့?”

လတ်တလော ရာသီဥတုကပိုပြီးပူပြင်းလာတယ်။ လဲ့ယောင်အပူရှပ်တာနဲ့ တခြားကျန်းမာရေးပြဿနာတွေဖြစ်လာမှာ ရှုယောင်စိတ်ပူနေခဲ့တာ။ ရုတ်တရက်လဲ့ယောင်မေ့လဲသွားတော့ ရှုယောင်ချက်ချင်းဆေးရုံကိုခေါ်လာပြီး ဆေးရုံအုပ်လျို့ကိုယ်တိုင် လဲ့ယောင်ရဲ့ကျန်းမာရေးအခြေအနေကို စစ်ဆေးဖို့တောင်းဆိုလိုက်တယ်။

အဓိကပြောချင်တာက လဲ့ယောင်ရုတ်တရက်ကြီး သတိလစ်သွားတာက အရမ်းကိုပုံမှန်မဟုတ်ဘူး။ ဆေးသောက်နေရလို့အိပ်ချင်စိတ်တွေဖြစ်တယ်ဆိုရင်တောင် ဒီလောက်ပြင်းပြင်းထန်ထန်မဖြစ်သင့်ဘူး။

“ဗိုလ်ချုပ်ကြီး အထောက်အထားတွေအားလုံးအရ Mr.ရှောင်လဲ့ရဲ့ပြဿနာက ဂလင်းအားဆေးတွေသောက်တာကြောင့်ချည်းပဲ မဟုတ်ဘူး… အနည်းဆုံးတော့ တစ်ခုလုံးကအဲ့တာကြောင့်ပဲ ဖြစ်ရတာမဟုတ်ဘူး၊ အဲ့လိုမျိုးအားဆေးတွေက ရက်အနည်းငယ်လောက် ဆက်တိုက်သောက်မယ်ဆိုရင်တောင် ဒီလောက်မြန်မြန်အာနိသင်မပြနိုင်ဘူး… ပြီးတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ ကျွန်တော်တို့တွေ သူ့ကိုယ်ကိုစစ်ဆေးတာ အချိန်တော်တော်လေးကြာပြီ၊ ဒါပေမယ့်တလျှောက်လုံး သူတစ်ခါလေးတောင်နိုးမလာဘူးလေ… အဲ့တာကအရမ်းကို သမာရိုးကျဖြစ်မနေဘူး”

“မနေ့ညက သူအားဆေးသောက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာ… ဒါပေမယ့်ဒီမနက်နိုးလာတော့လည်း အကောင်းတိုင်းပဲ အဲ့တာကြောင့်စစချင်းက အားဆေးရဲ့ဘေးထွက်ဆိုးကျိုးဖြစ်နိုင်တာကို မတွေးလိုက်မိဘူး” ရှုယောင် လဲ့ယောင်လက်ကိုကိုင်ကာ နူးနူးညံ့ညံ့လေးပွတ်နေရင်း ဆက်ပြောတယ် “အဲ့လိုပုံမှန်မဟုတ်တာက ဘာကြောင့်လဲဆိုတာ ခင်ဗျားအတိအကျသိလား?”

“သေချာသလောက် သူ့ဂလင်းက တခုခုဖြစ်နေတာဖြစ်မယ်၊ ခင်ဗျားတို့လက်မထပ်ခင် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးတာ မလုပ်ခဲ့ဘူးလား?”

“လုပ်ခဲ့တယ်၊ ရုပ်ပိုင်းဆိုင်ရာစစ်တုန်းက အဖြေမှာသူ့ရဲ့ OTRက အရမ်းနည်းနေတယ်ပြောတယ်၊ ကျုပ်မှာမှတ်တမ်းရှိတယ်”

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Wo Geschichten leben. Entdecke jetzt