အပိုင်း - ၆၄

19.4K 3.2K 233
                                    

{Zawgyi}

•စိတ်ရင်းနဲ့တောင်းပန်ခြင်း•

"လဲ့တျန်းယု! မင်း စိတ်မနှံ့တော့ဘူးလား?" လဲ့ဖေးရှန် လဲ့တျန်းယုကို ချက်ချင်းဆက်သွယ်ပြီး ဆူတော့တယ်။ "မင်း ငါ့ကို ပြဿနာတက်အောင်လုပ်တာက မလုံလောက်သေးဘူးလို့များ ထင်နေတာလား? မင်းတင်ထားတဲ့ videoကို ချက်ချင်းပြန်ဖျက်စမ်း!"

"အဖေ အဖေ မအော်ပါနဲ့၊ ကျွန်တော်ချက်ချင်းဖျက်လိုက်ပါ့မယ် wu wu wu..."

လဲ့တျန်းယု videoတင်ပြီး ဘယ်လောက်မှမကြာဘူး နောင်တရလာတယ်။ ဒါပေမယ့် ဒါကအရမ်းနောက်ကျသွားပြီ။ သူဘယ်လိုတောင် အမှားကိုလုပ်မိသွားတာလဲဆိုတာကို သတိပြုမိချိန်မှာ တစ်စုံတစ်ယောက်က screenshotရိုက်ပြီး နောက်ထပ်ပြန်တင်နေပြီ။ အခု အင်တာနက်ပေါ်က လူတိုင်း သူ့မှာ လဲ့ယောင်ရဲ့ 'အတိတ်ဆိုး'ကိုပြဖို့ သက်သေရှိနေတယ်ဆိုတာ သိသွားကြပြီ။

Videoထဲမှာ လဲ့ယောင်က လူတွေကို တိုက်ခိုက်နေတာ၊ ဆေးလိပ်သောက်နေတာ၊ တချိန်လုံး မျက်နှာထားဆိုးဆိုးကြီးနဲ့ နေတာတွေ ပြီးတော့ အများနဲ့ဆိုင်တဲ့အသုံးအဆောင်တွေကို ဖျက်ဆီးတာတွေလည်း ပါတယ်။ သူ့ရဲ့မောက်မာပြီး ပုန်ကန်ထကြွကာ 'အရိုင်းအစိုင်း'ဆိုတဲ့ စရိုက်က သူ့မျက်နှာပေါ်မှာ ပေါ်လွင်နေတယ်။

အရင်တုန်းကသာ တစ်စုံတစ်ယောက်က ဒီvideoကိုမြင်ရင် မေးခွန်းတောင်ထုတ်မှာမဟုတ်ဘဲ ဝေဖန်အပြစ်တင်ကြမှာဆိုတာ ခန့်မှန်းကြည့်လိုက်လို့တောင်ရတယ်။ ဒါပေမယ့်အခုချိန်မှာ မတူတော့ဘူး။ လဲ့ယောင်အပေါ် ကျန်းရှင်းထောင်ရဲ့ 'သူကံဆိုးနေတာကို ပြုံးကြည့်နေတဲ့ပုံ'ရယ် လဲ့တျန်းယုရဲ့ ကြောင်သူတော်လိုမျိုး 'ဂရုစိုက်မှု'တွေရယ်ကြောင့် ဒီvideoတွေက လူတွေရဲ့အမြင်မှာ ဒီလိုရလဒ်နှစ်ခုထွက်လာတော့တယ်။ တချို့တလေက ဝေဖန်ကြပေမယ့် အများစုက သနားနေကြတယ်။

[လက်သီးကြိုက်သူများ : အဖေက ဂရုမစိုက်၊ အမေကမချစ်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတော့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိမယ်ဆိုတာ ပုံမှန်ပဲ၊ ဒါပေမယ့် ဒီတစ်ယောက်သော မယားပါသားရဲ့စိတ်က အရမ်းကိုမည်းနက်မနေဘူးလား?]

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Where stories live. Discover now