အပိုင်း - ၉၀

14.5K 2.9K 106
                                    

{Zawgyi}

•နွေးထွေးမှုတွေပေါင်းစည်းထားတဲ့ ထီးလိုအလင်းရောင်•

"ဒါရောဘယ်လိုနေလဲ ဗိုလ်ချုပ်ကြီးရှုရဲ့? အခု 'အရှုံး'ဆိုတဲ့ စကားလုံးဘယ်လိုရေးရတယ်ဆိုတာ သင်ယူနိုင်သွားပြီလား? Ha ha ha ha ha!" သူ့ဆီမှာ အောင်မြင်ခြင်းရောင်ခြည်တွေ တောက်ပလာပြီဆိုတာကိုမြင်နေရတဲ့အတွက် ဝမ်သယ့်ချင်းရဲ့ အရူးတစ်ယောက်လိုရယ်မောသံက ရှုယောင်စက်ယန္တရားကြီးထဲမှာ ပြည့်နှက်နေတယ်။ "မင်းရဲ့ဇနီးလေးအော်နေတဲ့အသံကို နားထောင်ရတာ အံ့ဩစရာမကောင်းဘူးလား? မင်းက အင်ပါယာကြီးကို တော့ ကာကွယ်ပေးပြီး ကိုယ့်ဇနီးကိုယ် ကာကွယ်ဖို့မေ့သွားလိမ့်မယ်လို့တောာင် ထင်မထားဘူး"

"အဲ့တာကဘာလဲ? မင်း ဘာလိုချင်နေတာလဲ?" ရှုယောင်လေသံက အံကိုကြိတ်ပြီး သွားကြားထဲကထွက်လာသလိုဖြစ်နေတယ်။ စစချင်းတည်းက Leslieကို တိုက်ပွဲဝင်နေချိန်မှာ အာရုံပျံ့တာမျိုးမဖြစ်အောင် လဲ့ယောင်ပုံတွေ ဘာမှမပို့တော့ဖို့ အမိန့်ပေးထားခဲ့တယ်။ သို့ပေမယ့် အန်တီလဲ့နဲ့ဆင်တူနေတဲ့တစ်စုံတစ်ယောက်က လဲ့ယောင်လည်ပင်းကို ညှစ်နေတဲ့ပုံက သူ့မျက်လုံးတွေကို တမဟုတ်ချင်း နီရဲသွားစေတယ်!

"လွယ်ပါတယ်၊ မင်းရဲ့တပ်သားတွေအားလုံးကို ဟွာရှားက ဆုတ်ခွာပေးမယ်ဆိုရင် မင်းဇနီးကိုပြန်လွှတ်ပေးဖို့ ငါစဉ်းစားမယ်"

"ပြန်ဆုတ်ရမယ်? လာနောက်နေတာလား?"

"ငါက နောက်နေတဲ့ပုံပေါက်နေလို့လား? ဒါမှမဟုတ် ဗိုလ်ချုပ်ကြီးရှုရဲ့စိတ်ထဲမှာ မင်းရဲ့ဇနီးနဲ့ကလေးတွေက မင်းရဲ့ရာထူးလောက်တောင် အရေးမပါဘူးလို့ ခံစားနေရတာလား?" ဝမ်သယ့်ချင်းပြုံးပြီးပြောလိုက်တယ် "မင်းမှာ ကောင်းမွန်တဲ့ဘ၀လေးရနေပြီး ကလေးသုံးယောက်ရဲ့အဖေဖြစ်လာဖို့ စောင့်နေတာလို့ ကြားထားတယ်၊ အကယ်၍ မင်းသာ ဒီနေ့ငါ့စကားတွေကို မလိုက်လျောပေးဘူးဆိုရင် ငါပြောတာယုံ မင်းမှာ ဘာတစ်ခုမှမကျန်တော့မှာတောင် စိုးရိမ်မိတယ်"

"အဲ့တာဆိုလည်း မကျန်တဲ့အတိုင်းပဲထားလိုက်"

ရှုယောင် သူ့ရဲ့ဆက်သွယ်ရေးစက်ကနေ အမိန့်ပေးလိုက်တယ် "ဟန်မို့ မင်းရဲ့လူတွေကို ခေါ်ပြီး အပြင်ထွက်လိုက်"

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Where stories live. Discover now