အပိုင်း - ၁၀၅.၁

16K 2.6K 56
                                    

{Zawgyi}

•အဆုံးသတ် (၁)•

"ကျွန်တော်တို့တွေ ရှင်းတုကို သွားတဲ့အချိန်ကျရင် ယန်ကျဲ့ကိုပါ ခေါ်သွားပြီး ဥက္ကဌယန်းနဲ့ တွေ့ခွင့်ရအောင် လုပ်ပေးလိုက်ကြမလား?"

ဒီနှစ်ရက်အတွင်းမှာ လဲ့ယောင်က ယန်ကျဲ့ကို ပိုပြီးအာရုံစိုက်ပေးနေမိတယ်။ သူ့ရဲ့'အချစ်နာကျ'နေမှုကြီးက ပိုဆိုးရွားလာပုံရပြီး အခုဆို သူ့ရဲ့လှုပ်ရှားမှုတိုင်းက မျှော်လင့်ချက်ကင်းမဲ့နေတဲ့အရိပ်အယောင်တွေပါနေပြီး သူ့တစ်ကိုယ်လုံးကလည်း ဝိဉာဉ်လွင့်နေသလိုဖြစ်နေတယ်။

ဒါကိုတွေးမိပြီးနောက် လဲ့ယောင်ပြုံးကာ ထပ်ပြောလိုက်တယ် "မဟုတ်လို့ကတော့ သူဒီတိုင်းသာဆက်သွားနေရင် ဟွာရှားကို ဥက္ကဌယန်းပြန်လာတဲ့အထိတောင် သူမခံတော့မှာ စိုးရိမ်ရတယ်"

"သူ့ကို တစ်ယောက်တည်းအချိန်နည်းနည်းလောက်ပေးပြီး ယန်းဟန်းတျန်းနဲ့ ခဏလောက်ခွဲပြီးနေခိုင်းလိုက်တာ ပိုကောင်းမယ်လို့ထင်တယ်၊ ဒီလိုမှပဲ ယန်းဟန်းတျန်းအပေါ်မှာရှိတဲ့ သူ့ရဲ့ခံစားချက်တွေကို အပြည့်အ၀နားလည်သွားမှာ"

ရှုယောင်ဆက်ပြောတယ် "နောက်ပြီးတော့ ယန်းဟန်းတျန်းပြန်လာဖို့ကလည်း ကြာနိုင်တယ်လို့တော့ ကိုယ်မထင်ဘူး၊ ဘယ်လိုပဲနေနေ ဥက္ကဌယန်းရဲ့လက်ရှိအပြုအမူတွေက ယန်ကျဲ့ကို 'အမှတ်အသား'ပေးလိုက်တာနဲ့ တူနေတာပဲလေ... Alphaတစ်ယောက်ရဲ့ ပိုင်ဆိုင်လိုစိတ်ပြင်းထိန်းတာက အတော်လေးအားကောင်းပြီး လွန်လွန်ကဲကဲရှိတယ်၊ သူပြန်သွားချိန်မှာတောင် ယန်ကျဲ့ပေါ်မှာ သူ့ရဲ့ 'အနံ့'ကိုချန်သွားဖို့ မှတ်မှတ်ရရရှိသေးတယ်ဆိုတာကို မင်းလည်းတွေ့တာပဲ... သူလည်း ဒီလိုခွဲရတဲ့အတွက် သောကရောက်နေတယ်ဆိုတာ အသိသာကြီး"

"အဲ့တာဆို ခင်ဗျားပြောသလိုမျိုး ယန်ကျဲ့က ဒီမှာကြာကြာမနေတော့ဘူးလား?"

"အခုချိန်မှာတော့ ပြောဖို့ခက်သေးတယ်"

သူတို့ဆက်ဆံရေးက လက်ရှိအနေအထားအတိုင်းသာ ဆက်သွားမယ်ဆိုရင် ယန်ကျဲ့က အနာဂတ်မှာသေချာပေါက် ယန်းဟန်းတျန်းနဲ့လက်ထပ်သွားလိမ့်မယ်။ နောက်ထပ်လအနည်းငယ်လောက် ယန်းဟန်းတျန်းက သူ့ရဲ့အချိန်အများစုကို ဟွာရှားမှာ ကုန်ဆုံးရမယ်ဆိုပေမယ့်လည်း ဒီစီမံကိန်းက ပြီးစီးသွားပြီဆိုတဲ့ တစ်နေ့ရောက်လာမှာပဲ။

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Where stories live. Discover now