အပိုင်း - ၇၉

17.7K 3.1K 74
                                    


{Zawgyi}

•ပိုပြီးစိတ်ဝင်စားစရာကောင်းလာပြီ•

"ဘယ်မှာလဲ?"

"သွေးအကျဉ်းထောင်ဂြိုလ်မှာပါ" ယန်ကျဲ့ကဆက်ပြောတယ် " အစ်ကိုရှု ခန့်မှန်းတာမှန်တယ်... တကယ်ပဲ ပြင်းထန်တဲ့ပြစ်မှုတွေနဲ့ပြည့်နှက်နေတဲ့ထဲမှာ ခွဲစိတ်ဆရာဝန်တစ်ယောက်ရှိနေတယ်၊ နာမည်က ကျိန်းရှို့တဲ့... သူက Byronမှာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာခွဲစိတ်ဆေးရုံမှာ အလုပ်လုပ်ဖူးတယ်၊ လွန်ခဲ့တဲ့သုံးနှစ်တုန်းက အဲ့ဆေးရုံမှာ ဆေးဝါးပိုင်းဆိုင်ရာမတော်တဆဖြစ်ခဲ့တယ် ဆေးရုံက ဒီလိုဖြစ်ရတာကို သူတာဝန်ယူပေးရမယ်ဆိုပြီးတော့ အလုပ်ဖြုတ်လိုက်ကြတယ်... အဲ့တာကြောင့်လည်း သူပိုက်ဆံတွေအတော်လေးဆုံးရှုံးသွားခဲ့တယ်၊ ဒါပေမယ့် နောက်ပိုင်းကျတော့ ဆေးဝါးပိုင်းဆိုင်ရာမတော်တဆမှုမှာတုန်းက သုံးခဲ့တဲ့ဆေးပြဿနာက သူနဲ့ဘာမှမဆိုင်ဘူးဆိုရာ သိလိုက်ပေမယ့် အဲ့တာကလည်း တစ်စုံတစ်ယောက်က တမင်ကူလီကူမာလုပ်ပြီး သူ့ကိုကျင်းကြီးတူးပေးထားတာဖြစ်နေတယ်၊ ဒီအကြောင်းသူသိသွားတာနဲ့ အဲ့လူကို ကိုယ်တိုင်ဝန်ခံဖို့ သူတောင်းဆိုခဲ့ပေမယ့် တဖက်လူက ငြင်းနေတာကြောင့် သူတရားစွဲခဲ့သေးတယ်... ကံဆိုးချင်တော့ သက်သေပြစရာမရှိဘာမရှိနဲ့ ပြီးတော့လည်း တစ်ဖက်လူက သူ့ထက်နောက်ခံအင်အားတောင့်တင်းနေတော့ သူဖြစ်ချင်တဲ့အတိုင်းမဖြစ်လာခဲ့ဘူး၊ နောက်တော့ သူလည်း ဒေါသထွက်ပြီး တစ်ဖက်လူကို_" ယန်ကျဲ့က သူ့လည်ပင်းကို လက်နဲ့ဖြတ်သလို အမူအယာပြလိုက်တယ်။

"အဲ့လိုပြစ်မှုကြောင့် သူ့ကိုသေဒဏ်ပေးရမှာမဟုတ်ဘူးလား? ဘယ်လိုလုပ် အသက်ရှင်နေရသေးတာလဲ?" လဲ့ယောင်မေးလိုက်တယ်။ ဒီလိုထောင်ချောက်မျိုးမှာမိသွားတဲ့အတွက် ကျိန်းရှို့ဆိုတဲ့လူက ကံဆိုးလှတယ်ဆိုပေမယ့် တစ်စုံတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိနဲ့သတ်တာကတော့ သေဒဏ်ကျရမယ့်ပြစ်မှုဖြစ်တယ်။

"အဲ့တာတော့ သိပ်မရှင်းဘူး၊ ဒါပေမယ့် တစ်ခုတော့ အရမ်းစိတ်ဝင်စားစရာကောင်းတယ်" ယန်ကျဲ့က ဆက်သွယ်ရေးဆက်ပေါ်ကို ဓာတ်ပုံတစ်ပုံတင်ပြီး အလွန်တရာခက်ထန်တဲ့မျက်နှာနဲ့ အသက်လေးဆယ်အရွယ်လူကြီးတစ်ယောက်ကို ပြလိုက်တယ် "ဒါက အကျဉ်းထောင်ရဲ့ ထောင်ကြပ်ကြီး၊ သူက ဗိုလ်ချုပ်ကြီးလဲ့ဖေးရှန်ရဲ့ အသိအကျွမ်းမိတ်ဆွေ... နောက်ပြီး သူ့သား Alphaတစ်ယောက်ရှိသေးတာကိုလည်း ရှာတွေ့ထားတယ်၊ ပြီးတော့ အခု လဲ့တျန်းယုက အဲ့Alphaနဲ့အတူရှိနေတယ်"

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Where stories live. Discover now