အပိုင်း - ၄၀

30.1K 4.1K 289
                                    

{Zawgyi}

•ကိုယ့်ဘာသာဇမ်းတင်ခြင်း•

နောက်တော့ ရှန်တင်းက တကယ်ပဲလှုပ်ကုလားထိုင်လေးယူပြီး ပြန်ထွက်သွားတယ်။ ဒါပေမယ့် သူထွက်သွားတော့ ရှန်းဝေ့လင်နဲ့သွားတာမဟုတ်ဘဲ ကျီဖန်းယု၊ စုန့်ဟယ်၊ ၀မ်ဖေးရှ၊ ပိုင်ဟုန်းလီ၊ပိုင်ရန်နဲ့ ကျန်းယွမ်တို့နဲ့ သွားတာဖြစ်တယ်။ လဲ့ယောင် စာရွက်နဲ့ဘောပင်တွေကို ဒါဇင်နဲ့ချီပြီး ရှို့ပေးလိုက်ပြီးနောက် သူတို့တွေကို ဖူဟဲ့တောင်ဆီရောက်တဲ့အခါ တပ်သားတွေရဲ့မွေးနေ့အချက်အလက်တွေကို ကူညီပြီးမှတ်ပေးဖို့ပြောလိုက်တယ်။

ကျီဖန်းယုနဲ့ စုန့်ဟယ်တို့က အချင်းချင်းရင်းနှီးလာတာ နှစ်အတော်ကြာရှိပြီဖြစ်တာကြောင့် သူတို့ပူးပေါင်းမယ်ဆိုတာကို သံသယဖြစ်စရာတောင်မလိုဘူး။ ပိုင်ဟုန်းလီက သူ့ဇနီးရယ် ကလေးရယ်နဲ့ပြန်လည်ပေါင်းစည်းပြီးသွားပြီဖြစ်လို့ သက်သာလာပြီဖြစ်ပြီး လဲ့ယောင်ကို ကျေးဇူးရှင်တစ်ယောက်လို သဘောထားနေပြီဖြစ်တယ်။ အခု လဲ့ယောင်ဘာကြီးပဲပြောပြော သူ(ပိုင်ဟုန်းလီ)က သေချာပေါက်လုပ်ပေးတော့မှာဖြစ်တယ်။ ပိုင်ရန်နဲ့ ကျန်းယွမ်တို့ကတော့ စုန့်ဟယ်ရဲ့လမ်းညွှန်မှုအတိုင်းလိုက်နာမှာဖြစ်တယ်။ စုန့်ဟယ်ဘယ်နေရာကိုပဲသွားသွား သူတို့လိုက်မှာ။ ပိုင်ဟုန်းလီက စကားအများကြီးပြောရတာမကြိုက်တာတစ်ခုကလွဲရင် ကျန်တဲ့သူတွေက တဲ့တိုးသမားတွေဖြစ်ပြီး သူတို့အားလုံး ရှန်တင်းနဲ့အတူလက်တွဲလုပ်ပေးမယ်လို့ ကတိပေးကြတယ်။

ဒါကလဲ့ယောင်အလွန်ဆုံးတွေးနိုင်တဲ့ အမြန်ဆုံးနဲ့ ထိရောက်မှုအရှိဆုံးနည်းလမ်းဖြစ်တယ်။ ကျီဖန်းယုနဲ့ တခြားသူတွေက တပ်သားတွေရဲ့မွေးနေ့အချက်အလက်တွေကို မှတ်တမ်းတင်ပေးနိုင်တယ်။ ပြီးရင် သူတို့တွေ သူ့ဆီကိုညပိုင်းလောက် အချက်အလက်တွေယူလာပေးတဲ့အခါ Leslieအကူအညီနဲ့ အသံစနစ်ကိုသုံးပြီး light brainထဲ သွင်းလိုက်မယ်။

မျက်တောင်တစ်ခတ်အတွင်းမှာ ရှန်တင်းနဲ့ တခြားသူတွေ ပျောက်သွားကြတယ်။ ရှုယောင်၊ တျန်းယီနဲ့ ရှန်းဝေ့လင်တို့ပဲ ဖူဟဲ့တောင်ပေါ်မှာ လက်ရှိအခြေအနေကို ပြောဆိုရင်းကျန်ရစ်ခဲ့တယ်။

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Where stories live. Discover now