အပိုင်း - ၄၇

28.9K 4.2K 262
                                    

{Zawgyi}

•ယင်နဲ့ယန် နှစ်ခုကွဲ•

အားကောင်းလှတဲ့အတွေ့အကြုံတွေ၊ လောင်မြိုက်နေတဲ့အသက်ရှုသံတွေနဲ့ ပြင်းထန်လှတဲ့ဖက်တွယ်မှုတွေအောက်မှာ သူတို့တွေဘယ်နှကြိမ်တောင် လုပ်ခဲ့လဲဆိုတာတောင် လဲ့ယောင်မရေတွက်နိုင်တော့ဘဲ သူဘယ်လိုအိပ်ပျော်သွားတာလဲဆိုတာလည်း မမှတ်မိတော့ဘူး၊ ဒါပေမယ့် ရှုယောင်ကလူတစ်ယောက်ကို ဆက်သွယ်ပြီး တစ်စုံတစ်ခုပြောလိုက်တာရယ် အဲ့နောက်သူ့ကိုအားဆေးတိုက်ပြီးတော့မှ အိပ်ခိုင်းတာရယ်ကိုတော့ ဝိုးတိုးဝါးတားမှတ်မိနေတယ်။

သို့ပေမယ့် ဒါကပြီးဆုံးသွားပြီလို့ ထင်ခဲ့တဲ့အထိ သူတုံးအခဲ့မိတယ်...

သူနိုးလာတဲ့အခါ စကားပြောဖို့တောင်ခက်ခဲနေပြီး အိပ်ရာပေါ်ကထဖို့ကြိုးစားလိုက်ချိန်မှာ ချက်ချင်းဒူးထောက်ကျသွားမလိုတောင်ဖြစ်သွားတယ်။ ရှုယောင်သာ သူ့ကိုမြန်မြန်ဆန်ဆန်လှမ်းမဖမ်းလိုက်ဘူးဆိုရင် သူအခုကြမ်းပြင်မှာ ကားယားကြီးလဲကျနေမှာဖြစ်တယ်။ 

"ခင်ဗျားကြီး... ခင်ဗျားကြီးက သားရိုင်းကောင်ကြီးတစ်ကောင်မဟုတ်ဘဲ လူဆိုတာတကယ် ဟုတ်ပါတယ်နော်?" လဲ့ယောင်က အက်ကွဲနေတဲ့အသံနဲ့ သူ့ယောကျာ်းဖြစ်သူကို ခပ်ကျယ်ကျယ်အော်မေးလိုက်တယ် "ဒီလိုတွေပြီးသွားတာတောင်မှ ဘယ်လိုလုပ်ပြီး မတ်မတ်ရပ်နိုင်နေရတာလဲ?"

"ဟင်? ကိုယ်သာ မတ်မတ်မနေနိုင်ဘူးဆိုရင် မင်း,ဝသွားတဲ့အထိ ကိုယ်ဘယ်လိုလုပ်ကျွေးနိုင်တော့မလဲ?" ရှုယောင်ပြုံးကာ လဲ့ယောင်ကိုအရင်ကထက်တောင် ပိုပြီးပိုင်စိုးပိုင်နင်းလုပ်လာတယ်။ သူ့ရဲ့pheromoneနံ့တွေ ဖုံးလွှမ်းနေတဲ့ သူ့လက်မောင်းကြားကကောင်လေးကို တရှုံ့ရှုံ့နမ်းရှိုက်နေပြီး ကျေနပ်မှုတွေဖိတ်လျှံကျလာကာ သူ့အသံကလည်း ပိုလို့တောင်ပျော့ပျောင်းလာတယ် "ပြီးတော့ ကိုယ်တို့တစ်ခုခုစားဖို့လိုလို့ ကိုယ်တို့အတွက် စွပ်ပြုတ်တစ်ခုခုချက်ပေးဖို့ Intelligent chefကို ခိုင်းထားတယ်... ကိုယ်တို့ကအင်အားတွေအများကြီးကုန်သွားအောင် လေ့ကျင့်ခန်းတွေလုပ်ထားတာဆိုတော့ မင်းများများလေးပိုစားသင့်တယ်"

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Donde viven las historias. Descúbrelo ahora