အပိုင်း - ၈၇

16.1K 2.7K 63
                                    


{Zawgyi}

•ဂြိုလ်သားတွေ လာပြီ•

လဲ့တျန်းယုနှလုံးသား ရုတ်တရက်တင်းကျပ်သွားကာ ထူးဆန်းတဲ့ကြောက်စိတ်က တိုးဝင်လာတယ်။ အလင်းရောင်ကို ကျင့်သားရအောင် မျက်လုံးတွေကို အနည်းငယ်ဖွင့်ကြည့်လိုက်တယ်။ နောက်ဆုံးတော့ သူ့နဲ့မျက်နှာချင်းဆိုင်ဖြစ်နေတဲ့ပုံရိပ်ကိုမြင်လိုက်ရချိန်မှာ အလွန်ကြောက်လန့်သွားတာကြောင့် အနောက်ဘက်ကို အသည်းအသန်ဆုတ်ကာ သူ့ရဲ့ချွေးအေးတွေထွက်ပြီး ရွဲစိုနေတဲ့နောက်ကျောက နံရံနဲ့ကပ်သွားချိန်မှသာ ရပ်တန့်သွားတော့တယ်။

"ခင်ဗျား ခင်ဗျား ခင်ဗျား ဘယ်သူလဲ?" ဧရာမပုံရိပ်ကြီးက လဲ့တျန်းယုနားကို ခြေနှစ်လှမ်းတည်းနဲ့တင်ရောက်လာတယ်။ သူသိထားတာကနေ ကျော်လွန်နေပြီဖြစ်တဲ့ ရှည်လျားလှတဲ့ သတ္တဝါဆန်းကြီးကြောင့် ပြင်းထန်စွာတုန်လှုပ်နေပြီး သတိလစ်မတတ်ဖြစ်နေတယ်။

ဂြိုလ်သားတစ်ကောင်ကို မြင်တွေ့ရတာက သူ့အတွက်ပထမဆုံးအကြိမ်မဟုတ်ပေမယ့် ဒါကတော့ ပထမဆုံးအကြိမ်အဖြစ် မျက်နှာချင်းဆိုင်တွေ့လိုက်ရတာဖြစ်တယ်!

သူ့ရှေ့မှာရှိတဲ့ သတ္တဝါကြီးက အရပ်သုံးမီတာလောက်ရှိတဲ့လူသားလိုပုံရှိပေမယ့် ထွက်ပေါ်နေတဲ့အရေပြားပေါ်မှာ အမွှေးရှည်တွေဖုံးလွှမ်းနေတာက မျက်နှာကလွဲလို့ နေရာတိုင်းပဲဖြစ်တယ်။ ထိုသတ္တဝါကြီးရဲ့ လက်ချောင်းလေးတစ်ချောင်းကတောင် သူ့လက်မောင်းအရွယ်လောက်ရှိပြီး သွားကြီးဖြဲလာချိန်မှာ ချွန်မြနေတဲ့သွားတန်းကြီးပေါ်လာပြီး လူသားတစ်ယောက်နဲ့ အလွန်ကွာခြားလှတယ်။

"ငါက ဘယ်သူလဲ?" ဂြိုလ်သားကြီးက ခပ်ထေ့ထေ့အပြုံးနဲ့ ကိုယ်ကို ကိုင်းချလာတယ်။ အညိုရောင်အမွှေးတွေဖုံးလွှမ်းနေတဲ့လက်တစ်ဖက်က လဲ့တျန်းယုမေးရိုးကို ဆုတ်ကိုင်ကာ မျက်လုံးချင်းဆုံတဲ့အထိ ကြည့်မိသွားအောင် မော့လိုက်တယ်။ "ငါ ဘယ်သူလဲ? မင်းဘာသာလည်း မြင်နေတာပဲမဟုတ်လား?"

"ခင်ဗျား ခင်ဗျား တားရော့စကားပြောတတ်တယ်?" 'သူက ဂြိုလ်သားတစ်ကောင်ဆိုပေမယ့် တကယ်ကြီး တားရော့စကားပြောနိုင်နေတယ်!'

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Nơi câu chuyện tồn tại. Hãy khám phá bây giờ