အပိုင်း - ၅၀

29.9K 3.7K 115
                                    

{Zawgyi}

•ဦးနှောက်ခြောက်စရာ အတွေး•

‘ပါးစပ်စီးတယ်'ဆိုတဲ့စကားက ဒီတိုင်းအလကားသက်သက်ထားပေးခဲ့တာမဟုတ်ဘူး။ ထိုညက လဲ့ယောင်အော်ဟစ်ငိုယိုလိုက်ရတာ လည်ချောင်းတွေတောင် ကွဲလုမတတ်ပဲ။ သူ့ယောကျာ်းကို သတ်တာက အကုသိုလ်ဖြစ်စေတယ်ဆိုပြီး မတွေးလို့ကတော့ ရှုယောင်ကို အသက်နှုတ်ပစ်နိုင်တဲ့ အဆောင်ကို သေချာပေါက် သူဆွဲပစ်လိုက်မှာ။

သေစမ်း! ဒီလူယုတ်မာအဖိုးကြီးက သူ့ရဲ့ဇနီးကို လူသားတစ်ယောက်လို့ကို မသတ်မှတ်ထားဘူးပဲ။ ‘ကျွန်တော်က လေထိုးအရုပ်မဟုတ်ဘူးဗျ!’

လဲ့ယောင်လည်း နားမလည်နိုင်ဘူး။ ရှုယောင်က အိပ်ရာထဲမှာမဟုတ်တဲ့အချိန်တွေဆိုရင် ထူးခြားပေါ်လွင်တဲ့လူတစ်ယောက်လို ပုံရိပ်မျိုးရှိတယ်။ သို့ပေမယ့် အိပ်ရာထဲရောက်ပြီဆိုလို့ကတေ့ ကြမ်းတမ်းလှတဲ့ဝံပုလွေကြီးတစ်ကောင်လိုဖြစ်သွားတော့တာ။ လဲ့ယောင် ဒေါသထွက်လွန်းလို့ ချက်ချင်းတောင်ထရိုက်ပစ်လိုက်ချင်တယ်။ သူသာ ချိန်းဆိုထားတဲ့စာကို သတိရပြီး ရှုယောင်ကို သူတာဝန်ယူရမယ့်အကြောင်း သတိပေးဖို့သာမေ့သွားလို့ကတော့ လဲ့ယောင်သေချာပေါက် နောက်တစ်နေ့ အိပ်ရာထဲမှာ နာလည်မထူနိုင်ဖြစ်နေလိမ့်မယ်။

“ဟေ့လူကြီး ပြီးသွားပြီလား?” လဲ့ယောင်နာကျင်စွာနဲ့ မျက်နှာကိုခေါင်းအုံးထဲနှစ်ကာ ငိုသံလေးနဲ့မေးလိုက်တယ်။

“ပြီးပြီ” ရှုယောင်ဆေးပုလင်းကို ဘေးနားချပြီး ညတုန်းက သူ့ရဲ့ထိန်းမနိုင်သိမ်းမနိုင်အပြုအမူကြောင့် နည်းနည်းလေးနောင်တရနေမိတယ်။ “မင်း ထနိုင်ရဲ့လား? မထနိုင်ရင်လဲ လှဲနေလေ”

“ဘာမှမလှဲနေဘူး” လဲ့ယောင်အက်ကွဲသံနဲ့ အကျယ်ကြီးအော်လိုက်တယ် “ကျွန်တော် ကျောင်းသားနည်းနည်းလောက် မြန်မြန်လေးစုဆောင်းရမှာ၊ အချိန်ကျလို့ကတော့ သူတို့အားလုံးကို ခေါ်လာပြီး ခင်ဗျားကြီးကို သတ်ခိုင်းမှာ!”

“ကောင်းပါပြီတဲ့ဗျာ ကိုယ်စောင့်နေရမှာပေါ့” ရှုယောင် လဲ့ယောင်ရဲ့ဂလင်းကို အသာလေးပွတ်ပေးပြီး စိတ်အေးလက်အေး ပြုံးလိုက်တယ် “အင်းပါ အင်းပါ စိတ်ဆိုးနဲ့တော့… နောက်တစ်ခါ ကိုယ်ညင်သာပါ့မယ်” [T/N : ယူတို့ပဲ ကားတွေမောင်းကြ၊ ဆေးတွေလိမ်းကြ၊ ညင်သာနေကြ ကျုပ်တို့ဘာမှမပြောတော့ဘူး]

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Donde viven las historias. Descúbrelo ahora