အပိုင်း - ၆၁

21.3K 3.5K 237
                                    

{Zawgyi}

•မိသားစုငါးယောက်•

ရှုယောင်က တျန်းယန်အဆောင်နဲ့ အမြင်ကိုဖွင့်ထားတာမဟုတ်ပေမယ့် ၁၀မီတာအကွာလောက်မှာရှိနေတဲ့ ကျီဖန်းယုဆီကို အတိအကျရောက်အောင်သွားနိုင်တယ်။ သူကလဲ့ယောင်ကို ဦးဆောင်ပြီး ဝိဉာဉ်အုပ်လိုက်ကြီး ပျားပန်းခတ်သွားလာနေကြတဲ့ စားသောက်ဆိုင်တံခါးနားက ကျီဖန်းယုရပ်နေတဲ့ဆီကို သွားလိုက်တယ်။ သူ့မျက်လုံးတွေက ကျီဖန်းယုနဲ့ ဝမ်ဖေးရှတို့နှစ်ယောက်ကြားမှာ ဟိုရောက်ဒီရောက်ဖြစ်နေပြီးမှ နောက်ဆုံးကျီဖန်းယုဆီမှာ အဆုံးသတ်သွားတယ်။ သူဖြတ်သွားတဲ့တစ်လျှောက်မှာ လူသွားလမ်းကြီးအလိုအလျောက်ဖွင့်ပေးလိုက်သလိုဖြစ်သွားတယ်။

တချို့ဝိဉာဉ်တွေက ဖြတ်သွားတာကို ဘာမှမဖြစ်ကြပေမယ့် တချို့တလေကျတော့ ဒါကိုတော်တော်လေးသဘောမကျကြဘူး။ ဘာတွေဖြစ်နေတာလဲဆိုတာသတိထားမိကြတဲ့အခါ ဘယ်သူကများသူတို့ရဲ့ကိုယ်ကို ဖြတ်ပြီးသွားရဲရတာလဲဆိုတာ ကြည့်ဖို့လုပ်ကြတယ်။ သို့ပေမယ့် ရှုယောင်နားကိုရောက်သွားတယ်ဆိုရင်ပဲ သူတို့တွေနံရံကြီးတစ်ခုနဲ့ တိုက်မိသွားသလို ရုတ်တရက်အကုန်လုံးရပ်သွားရတယ်။ အရင်တုန်းက တွေ့ခဲ့ဖူးတဲ့လူသားတွေနဲ့ မတူဘဲကွဲပြားနေတဲ့ဒီအမျိုးသားကို သူတို့တွေ အံ့အားတကြီးကြည့်လိုက်ကြတယ်။

ဟိုးအရင်တုန်းကတည်းက ရှုယောင်က တခြားသူတွေနဲ့ မတူတာဖြစ်တယ်။ တခြားသူတွေရဲ့ဗီဇက ဘယ်လောက်ပဲအားကောင်းနေပါစေ သူတို့တွေက ဝိဉာဉ်တွေတည်ရှိနေတာကို အာရုံမခံနိုင်ပေမယ့် သူကတော့ အာရုံခံနိုင်တယ်။ ပြီးတော့ ဒီညမှာ အဲ့စွမ်းရည်ကထပ်ပြီးတော့တောင် တိုးတက်လာပုံရတယ်။

"ယောကျာ်း? ခင်.. ခင်ဗျား သူတို့ကို ဘယ်လိုလုပ်ပြီး မြင်ရတာလဲ?" လဲ့ယောင်အံ့အားတကြီးမေးလိုက်တယ်။ ဒီညသူတို့မထွက်လာခင် ရှုယောင်က သူ့အမြင်ဖွင့်ပေးမလို့လုပ်တာကို ငြင်းခဲ့တယ်ဆိုတာ သူရှင်းရှင်းလင်းလင်းကြီးကို မှတ်မိနေသေးတယ်။ ဒါပေမယ့် အခုလက်ရှိသူလုပ်နေပုံကိုကြည့်ရင် ရှုယောင်က သူတို့ကိုတကယ်ကြီးမြင်နိုင်စွမ်းရှိပုံရတယ်။

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Donde viven las historias. Descúbrelo ahora