{Zawgyi}
•နဂါးငွေ့တန်း နှလုံးသား•
အဆောင်က ပြန်သုံးလို့ရနိုင်တယ်ဆိုတာ သိပ်ကောင်းပြီးတော့ 'သယံဇာတခြွေတာ'ရာလည်း ရောက်တယ်ဆိုပေမယ့် ရှုယောင်ရဲ့စွမ်းရည်က တကယ့်ကို ကြောက်စရာကောင်းနေဆဲဖြစ်တယ်။ ဒီလိုလူမျိုးကို လဲ့ယောင်တခါမှမမြင်ဖူးဘူး။ ဒီလိုအင်အားကြီးတဲ့ 'စွမ်းရည်'ကြောင့် ဒီလူရဲ့အတိတ်နဲ့ လက်ရှိဘ၀ကို တွက်ချက်လို့မရနိုင်တာ။ ရှုယောင်ဘက်ကလာတယ်၊ ဘယ်ကိုသွားချင်တယ်နဲ့ ကံဆိုးမှုတွေကျရောက်လာနိုင်သလားဆိုတာ သိဖို့မဖြစ်နိုင်ဘူး။
ဒီလိုလူမျိုးသာ သူ့ယောကျာ်းမဟုတ်ခဲ့ဘူးဆိုရင် သေချာပေါက် အခုချိန်မှာအချဉ်ပေါက် ခါးသီးနေမိမှာ။ ရှုယောင်မှာက ရွှမ်းရှုဆရာကြီးတွေ အောင်မြင်ဖို့အိမ်မက်မက်ခဲ့ရတဲ့ စွမ်းရည်တွေအားလုံးရှိနေတယ်။
"ကိုယ်အရင်ကဆွဲခဲ့တဲ့ တျန်းယန်အဆောင်ကရော ထပ်တလဲလဲပြန်သုံးလို့ရလား?" ရှုယောင် လဲ့ယောင်ကို မေးလိုက်တယ်။ ဒါကိုသာထပ်တလဲလဲသုံးနိုင်တယ်ဆိုရင် တစ်ယောက်ယောက်က သူတို့မှာအဆောင်ရှိနေသရွေ့ သူတို့အမြင်ကို ဖွင့်နိုင်ပြီး သေဆုံးသူတွေအပေါ်ကြောက်ရွံ့စိတ်တွေကိုလည်း လျှော့ချနိုင်မှာဖြစ်တယ်။
"ကျွန်တော်တော့ မထင်ဘူး၊ တျန်းယန်အဆောင်က သက်ရှိတွေအတွက် သုံးရတာဖြစ်လို့ သေဆုံးပြီးသူတွေအပေါ် သုံးရတဲ့အဆောင်တွေနဲ့ မတူကွဲပြားတယ်... ခင်ဗျားသေချာအောင် လုပ်ကြည့်ချင်တယ်ဆိုရင် ကြိုးစားကြည့်ကြမယ်လေ၊ အဲ့တာဆို ဖြုန်းတီးရာမရောက်သလို ခင်ဗျားရဲ့လုပ်ရတဲ့ပမာဏလည်း ဘာကြောင့်ရယ်မဟုတ် ပိုနေမှာမဟုတ်တော့ဘူးပေါ့" လဲ့ယောင် ပြန်ဖြေလိုက်တယ်။
"ကောင်းပြီ" ထို့နောက် ရှုယောင်က တျန်းယန်အဆောင်ယူဖို့ လှည့်လာခဲ့တယ်။
အရင်တုန်းက အဆင်သင့်လုပ်ထားခဲ့တဲ့ တျန်းယန်အဆောင်တွေ ကျန်နေသေးတယ်။ အဆောင်တစ်ခုယူပြီးနောက် အမြင်ဖွင့်ခွင့်မရသေးတဲ့ အစောင့်တစ်ယောက်ကို လှမ်းခေါ်ပြီး သုံးကြည့်လိုက်တယ်။ ထို့နောက် ထိုအဆောင်ကိုပဲ နောက်ထပ်လူတစ်ယောက်ပေါ်မှာ ထပ်သုံးဖို့ ကြိုးစားကြည့်တယ်။ လဲ့ယောင်ပြောတာ မှန်တယ်။ ဒီအဆောင်ကတော့ တစ်ကြိမ်သာ သုံးလို့ရတယ်။ တစ်ကြိမ်သုံးပြီးတာနဲ့ အက္ခရာရဲ့အရောင်က မှိန်ဖျော့ပျောက်ကွယ်သွားတယ်။
![](https://img.wattpad.com/cover/206501400-288-k27736.jpg)
VOCÊ ESTÁ LENDO
ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}
RomanceTitle - The general loves to collect little red flowers Author: 困成熊猫 Total Chapters: 111 Chapters Genre - Comedy, Interstellar, omegaverse, Sci-fi, Transmigration Eng Translator - Frozenmirage Myanmar Translator - Kay_Wine 😉