အပိုင်း - ၂၂

29.9K 4.6K 343
                                    

{Zawgyi}

•A Light Kiss•

ခုနတုန်းက အမွှေးနံ့သာတိုင်တွေကို မီးညှိခိုင်းပြီး လေထုအလွှာပါးကို လဲ့ယောင်စကားပြောနေတာကြောင့် တချို့လူတွေ သူတစ်ခုခုမှားနေတာလားလို့ သံသယဝင်တာ မဆန်းပါဘူး။ စစ်သားတွေသာမကဘူး ဦးလေးမင်နဲ့ယန်ကျဲ့တောင် လဲ့ယောင်နည်းနည်းကြောင်နေတယ်လို့ တွေးမိကြတယ်။

လဲ့ယောင်ခုနက သူ့ကိုသတိပေးလိုက်တာကို ယန်ကျဲ့မှတ်မိသေးတယ်။ ရှုယောင်က သူ့ကိုမီးအားအရင်းအမြစ်ကို သွားစစ်ဖို့ပြောတုန်းက လဲ့ယောင်ကသူသွားရင်တောင် ပြင်နိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့တယ်။ အရင်ဆုံးစစ်တောင်မစစ်ကြည့်ရသေးဘဲနဲ့ ဘာကြောင့်သူပြင်လို့ရနိုင်မှာမဟုတ်ဘူးလို့ လဲ့ယောင်တွေးရတာလဲ?

ထိုအချိန်မှာ ဦးလေးမင်ပြောလာတယ် “ယန်ကျဲ့ ဒီမှာရှိတဲ့လူတိုင်းကို ဒီမတော်တဆအကြောင်း တစ်ခွန်းတောင်ဟခွင့်မပြုဘူးလို့ ပြောထားလိုက်၊ မပြန့်သွားစေနဲ့.. ဒီနေ့ကိစ္စကို ဗိုလ်ချုပ်ကြီးတရားဝင်ကြေငြာတဲ့အထိ စောင့်ရမယ်”

ယန်ကျဲ့အခြေအနေကို နားလည်တာကြောင့် ခေါင်းငြိတ်ပြလိုက်တယ် “ကျွန်တော် နားလည်ပါပြီ ဦးလေးမင်၊ အရင်ဆုံး ကျွန်တော်ဆေးရုံသွားပြီး တျန်းယီကို ကြည့်လိုက်ပါအုံးမယ်”

ဦးလေးမင်က ရှုပ်ထွေးနေတဲ့အမူအယာနဲ့ လက်ထဲက အမွှေးတိုင်ပြာတွေကို ကြည့်နေတယ်။

တျန်းယီကို ဆေးရုံပြန်ခေါ်သွားကြတယ်။ သူ့ကိုယ်က အဖျားဆက်တိုက်တက်နေတာကြောင့် ဆရာဝန်ကအရင်ဆုံး အဖျားကျဆေးသွင်းပေးပြီး ကျိုးပဲ့တာတွေ တခြားအကြီးအကျယ်ထိခိုက်မိတာတွေရှိလားဆိုတာ စစ်ဆေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူကစတီးလူသားလို့နာမည်ကြီးတဲ့ ရှုယောင်နဲ့တိုက်ခိုက်ခဲ့တာလေ။ တျန်းယီကသူ့နောက်က ဒုတိယနေရာမှာဆိုပေမယ့် သိသာစွာပဲ သူအကြီးအကျယ်ထိခိုက်မိသွားတယ်။

“စိတ်မပူပါနဲ့” လဲ့ယောင် ရှုယောင်ကိုပြောလိုက်တယ် “သူဆေးသွင်းပြီးသွားပြီပဲ မနက်ဖြန်ပိုကောင်းလာမှာပါ”

“သေချာလို့လား?” သူလဲ့ယောင်အပေါ်ဘယ်လောက်ယုံလဲဆိုတာ ရှုယောင်မပြောနိုင်ပေမယ့် ဒီကောင်လေးကို ၁၀၀%သံသယမဝင်ဘူးဆိုတာတော့ သူသိတယ်။ နောက်ပြီးတော့ တျန်းယီက ဒဏ်ရာကြီးတွေနဲ့ ဆေးရုံကပြေးထွက်ပြီး ဘာကြောင့် သူ့ကိုရုတ်တရက်လာတိုက်ခိုက်ရတာလဲ? သူတို့အချိန်အကြာကြီး သူငယ်ချင်းတွေဖြစ်လာတာကို။

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Donde viven las historias. Descúbrelo ahora