{Zawgyi}
•ညကြီးမိုးချုပ်ပူဇော်ပွဲ•
ဒီလောက်အရသာမျိုးစုံနဲ့ အရွယ်အစားအင်မတန်ကြီးမားလှတဲ့ ဒုံးကျည်ပုံစံအမွှေးနံ့သာတိုင်တွေက ဖူဟဲ့တောင်မှာ ရှို့ပြီးသွားရင် ဘယ်လိုဖြစ်မလဲဆိုတာ လဲ့ယောင်တောက်လျှောက်တွေးနေမိတယ်။ သူ့ရဲ့အရင်ဘဝမှာတုန်း ကြီးမားတဲ့အမွှေးနံ့သာတိုင်တွေ မြင်ဖူးပါတယ်။ ပုံကြီးချဲ့ပြီးပြောရမယ်ဆိုရင် အကြီးဆုံးမှ ဖလားခွက်လောက်ကြီးတာပဲရှိတယ်။ ထိုအချိန်တုန်းက သေပြီးသူတွေကို ဒီလောက်ကြီးပူဇော်ပေးတာက ဟိတ်ဟန်ပြနေတာလို့ တွေးခဲ့မိတယ်။ ‘အဲ့တာကို စံပြလောက်တယ်လို့ခေါ်ရမလား?’ ဒါပေမယ့် အခုတော့ ဖလားလောက်အရွယ်အမွှေးနံ့သာတိုင်ကို အင်မတန်ကြီးတယ်လို့ပြောလို့ မရဘူးဆိုတာသိသွားပြီ… ပိုကြီးတဲ့တစ်ခုက သူ့မျက်စိရှေ့မှာတင်ရှိနေတယ်။
ညရောက်တော့ လဲ့ယောင်နေ့ခင်းတုန်းကဆွဲထားတဲ့ တျန်းယန်အဆောင်ကိုသုံးပြီး ရှုယောင်နဲ့ ယန်ကျဲ့တို့ရဲ့အမြင်ကို ကူဖွင့်ပေးဖို့လုပ်ထားတယ်။ လိုအပ်တဲ့အချက်အလက်တွေကို စုဆောင်းပြီးနောက် သရဲညီအစ်ကိုတွေ လဲ့ယောင်အိမ်ကိုရောက်လာကြတယ်။ ရှုယောင်က ကိစ္စတစ်ခုလုပ်စရာရှိတာကြောင့် ဗဟိုဌာနကိုသွားလိုက်ရပြီး ယန်ကျဲ့ကတော့ သူနဲ့အတူ တပ်သားတွေရဲ့အချက်အလက်တွေ မှတ်တမ်းတင်ဖို့ကျန်ရစ်ခဲ့ရတယ်။
အရင်ရက်တုန်းက သူတို့ချိန်းထားတဲ့အချိန်ရောက်တော့ ကျီဖန်းယုကို လဲ့ယောင်ဆင့်ခေါ်လိုက်တယ်။ အဲ့တာကြောင့် အခုချိန်မှာ သူနဲ့ယန်ကျဲ့အပြင် ကျီဖန်းယု၊ ဝမ်ဖေးရှနဲ့ ပိုင်ဟုန်းလီတို့လာ်း အိမ်ထဲမှာရောက်နေပြီဖြစ်တယ်။
သူ့ရဲ့သရဲညီအစ်ကိုခြောက်ယောက်ထဲက သုံးယောက်ကဒီရောက်နေကြတယ်။ သူတို့က လဲ့ယောင်သူတို့အတွက် ရှို့ပေးထားတဲ့စာရွက်တွေပါယူလာတယ်။ ပြီးတော့ စာရွက်တွေထဲမှာ တပ်သားအုပ်စုတစ်စုရဲ့ မွေးရက်တွေ ပြွတ်သိပ်ပြီးပါလာတယ်။
“ကျွန်တော် မိတ်ဆက်ပေးရအုံးမယ်” လဲ့ယောင် ယန်ကျဲ့ကိုပြောလိုက်တယ် “ဒါက ကျွန်တော့်ရဲ့ သရဲ့ညီအစ်ကိုတွေ ကျီဖန်းယု၊ ဝမ်ဖေးရှနဲ့ ပိုင်ဟုန်းလီ… ပြီးတော့ ဒါက ငါ့မိတ်ဆွေ ယန်ကျဲ့”

ВЫ ЧИТАЕТЕ
ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}
Любовные романыTitle - The general loves to collect little red flowers Author: 困成熊猫 Total Chapters: 111 Chapters Genre - Comedy, Interstellar, omegaverse, Sci-fi, Transmigration Eng Translator - Frozenmirage Myanmar Translator - Kay_Wine 😉