အပိုင်း - ၈၄

17K 3K 64
                                    

{Zawgyi}

•ညာဘက်မျက်ခွံလှုပ်•

အကယ်၍ ဒါက network လုံခြုံရေးနဲ့ဆက်နွယ်နေတာမျိုးမဟုတ်ဘူးဆိုရင် ယန်ကျဲ့လည်း ယန်းဟန်းတျန်းရဲ့လက်ထောက်မလုပ်ချင်တာကြောင့် ရှုယောင်နဲ့ သေချာပေါက်အတိုက်အခံလုပ်မိမှာဖြစ်တယ်။ Flying Wolf ဌာနတစ်ခုလုံးမှာ သူကသာ အကူအညီပေးဖို့ အသင့်တော်ဆုံးလူဆိုတာကို စိတ်ထဲကနေသိနေပေမယ့်လည်း သူတို့အတူရှိချိန်တိုင်းမှာ အလွန်အမင်းရှက်ရွံ့မိနေတုန်းပဲ။ ဦးလေးမင်နဲ့ တားရော့မှာပဲနေခဲ့တော့မယ်ဆိုပြီး ဆုံးဖြတ်ချက်မချခဲ့မိတာကိုတောင် နောင်တရမိတယ်။ ဟွာရှားအခြေစိုက် တပ်စခန်းကိုပြန်ချင်တယ်ဆိုပေမယ့် တစ်ယောက်သောသူကို နေ့တိုင်းမျက်နှာချင်းဆိုင်နေရမယ်ဆိုရင်တော့ တားရော့မှာပဲ နေခဲ့မိမှာ။ ဦးလေးမင်ရဲ့တာဝန်ကလည်း အရမ်းအရေးကြီးတာဖြစ်လို့ သူနေခဲ့ဖြစ်ရင်လည်း သေချာပေါက်အသုံးတည့်လိမ့်မယ်။

နောက်ပြီးတော့ လဲ့တျန်းယုကလည်း မကြာခင်တားရော့ကို ပြန်လာတော့မယ်။

သူတို့ ရှင်းတုမှာရှိတုန်းက လဲ့မိသားစုအိမ်ကို လဲ့တျန်းယုပြန်မလာရတာကြောင့် လဲ့ဖေးရှန်ရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲဆိုတာ တွေးစရာဖြစ်နေတော့တယ်။ မဟုတ်မှ သူတို့တားရော့မှာ ရှိနေတာက လဲ့ဖေးရှန်ကို မလုံခြုံသလိုခံစားရစေတာကြောင့် လဲ့တျန်းယုကို ပြန်မလာခိုင်းတာလား။ အခုသူတို့ပြန်ထွက်ခွာပြီဆိုတော့ လဲ့တျန်းယုမကြာခင်ပြန်ရောက်လာတော့မှာလို့ ခန့်မှန်းမိတယ်။

တကယ်တော့ လဲ့တျန်းယုရဲ့မျက်နှာပြောင်းလဲလိုက်တာက သူသွေးအကျဉ်းထောင်ကိုရောက်ပြီး ခြောက်ရက်မြောက်နေ့မှာ ပြီးစီးသွားတာဖြစ်တယ်။ လဲ့တျန်းယု ပြန်ကောင်းလာဖို့ လဝက်နီးပါးလောက်ကြာခဲ့တယ်။ လက်ရှိ သူ့အခြေအနေကောင်းမွန်နေပြီ။ မျက်နှာခွဲစိတ်ဆရာဝန်က လဲ့တျန်းယုမျက်နှာကို အကျဉ်းထောင်အစောင့်တစ်ယောက်ရဲ့မျက်နှာအဖြစ်ပြောင်းလိုက်တာဖြစ်လို့ အခုဆိုရင် သူ့အရပ်ကလွဲလို့ လဲ့တျန်းယု လုံးဝကိုကွဲပြားနေပြီဖြစ်တယ်။

သူ့ရဲ့စိတ်နေသဘောထားကလည်း အရင်တုန်းကထက်တောင် ပိုပြီးဆိုးဝါးလာတယ်။ နဂိုတည်းကလည်း စိတ်ကောင်းရှိတယ်လို့တော့ မဟုတ်ပေမယ့် အလွန်ဆုံး ဟန်ဆောင်ပန်ဆောင်နေနိုင်သေးတယ်။ အခုလိုမျိုး စကားတစ်ခွန်းလေးကတောင် သူ့ကိုဒေါသထွက်စေတာမျိုး မဟုတ်ဘူး။

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Onde histórias criam vida. Descubra agora