အပိုင်း - ၄၈.၂

25.8K 3.9K 201
                                    

{Zawgyi}

•ဇနီးပုစိ•

နောက်သုံးရက်လောက်ထိ လဲ့ယောင်အပြင်မထွက်ခဲ့ဘူး။ စစဖြစ်တည်းက သူတို့အိမ်ကို ကန်တင်းကနေပြီးတော့ စားစရာတွေပို့ပေးပြီး အအေးရုံကလည်း အသီးအရွက်တချို့ပို့ပေးတယ်။ ဘာပဲဖြစ်ဖြစ် အိမ်မှာစားစရာကပြတ်မသွားတာကြောင့် သူတို့အပြင်ထွက်စရာမလိုဘူး။ နှစ်ယောက်သား ခုနစ်ရက်တိတိအိမ်ထဲမှာပဲနေပြီး ဗိုက်ဆာလာရင် စားတယ်၊ ပင်ပန်းရင်အိပ်တယ် သူတို့စိတ်ပါရင် အချင်းချင်းတင်းတင်းကျပ်ကျပ်ဖက်ကြတယ်ပြီးတော့ အချင်းချင်းပိုငျဆိုင်လိုစိတ်တွေ ပြင်းထန်နေခဲ့ကြတယ်။ [T/N : ဘာတုန်းဟ!! ပထမအပိုဒ်ပဲရှိသေးတယ်နော်]

အစတုန်းကတော့ ဝမ်ဟောင်နည်းနည်းသံသယဖြစ်မိပေမယ့် တဖြည်းဖြည်းယန်ကျဲ့က သူ့ကိုလိမ်နေတာမဟုတ်မှန်းနားလည်လာတယ်။ ယန်ကျဲ့က ရှုယောင်တို့အိမ်ကိုစားစရာတွေသွားပို့တုန်းက ပုံမှန်မဟုတ်တဲ့pheromoneနံ့ပြင်းပြင်းကို အမှုမဲ့အမှတ်မဲ့ရခဲ့တယ်။ သေချာပေါက် လဲ့ယောင်ရဲ့အနံ့ပဲ။ ဝမ်ဟောင်က လဲ့ယောင်ကို သိတာကြာပြီဖြစ်လို့ အဲ့အနံ့နဲ့ရင်းနှီးနေတယ်။

မထိန်းချုပ်နိုင်ဖြစ်မှာစိုးလို့ ရှုယောင်တို့ခြံဝင်းနားကို ဝမ်ဟောင်မကပ်ရဲဘူး။

ယန်ကျဲ့ကသူ့ကိုပြောလဲ့တယ် "Mr.ဝမ် ကျွန်တော်အမှန်တိုင်းပြောလိုက်မယ်၊ ခင်ဗျားဒီမှာပဲ တစ်နှစ်လောက်စောင့်နေရင်တောင် ကျွန်တော်တို့ဗိုလ်ချုပ်ကြီးရဲ့ဇနီးလေးက ခင်ဗျားနဲ့ပြန်လိုက်မှာမဟုတ်ဘူး...သူကအခုဆိုရင် ကျွန်တော်တို့ဗိုလ်ချုပ်ကြီးနဲ့ ပျားရည်နဲ့ရောထားတဲ့ဆီလိုဖြစ်နေပြီ၊ ပြီးတော့ အမှတ်အသားလည်းလုပ်ပြီးသွားပြီ သူခင်ဗျားနဲ့လိုက်မယ်လို့ထင်လားပြော?"

ဝမ်ဟောင်မှာ ပြန်ပြောစရာစကားမရှိဘူး။

ဟွာရှားဂြိုလ်ကို မလာခင်တုန်းကပဲ လဲ့ယောင်က လက်ထပ်ပွဲကိုတကယ်ဆန့်ကျင်နေခဲ့တာ။ လက်သာမထပ်ရဘူးဆိုရင် ဘာမဆိုလုပ်ပေးတော့မယ်ပုံမျိုးနဲ့။ လဲ့ဖေးရှန်းက လဲ့ယောင်ကိုအရင်တုန်းကအတိုင်းပဲလို့ သတ်မှတ်ထားတာကြောင့် ကောင်းမွန်တဲ့အခြေအနေတွေကိုသာပေးလိုက်မယ်ဆိုရင် စည်းရုံနိုင်ပြီး လဲ့ယောင်လည်း ဝမ်ဟောင်နဲ့သေချာပေါက် လိုက်လာလိမ့်မယ်လို့ထင်ခဲ့တယ်။ သို့ပေမယ့်သူကတော့ သူ့ဆရာရဲ့နည်းလမ်းက ဖြစ်နိုင်ခြေရှိပါ့မလားဆိုတာ မသေချာဖြစ်နေတယ်။

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Dove le storie prendono vita. Scoprilo ora