{Zawgyi}
•ဒုဗိုလ်ချုပ်ကြီး တျန်းယီ•
လဲ့ယောင် လူနာဆောင်ထဲဝင်သွားတာနဲ့ ပိုးသတ်ထားတဲ့အခန်းငယ်လေးထဲမှာ အမျိုးသားတစ်ယောက် နာကြည်းချက်အငွေ့အသက်တွေ ပြည့်နေရုံတင်မကဘဲ ယင်စွမ်းအင်တွေပါပြည့်နှက်နေပြီး လဲလျောင်းနေတာကိုတွေ့လိုက်ရတယ်။ သူ့မျက်ခုံးနဲ့ နှလုံးသားမှာ မကောင်းဆိုးဝါးဝိဉာဉ်တွေရဲ့ အမှတ်အသားပေးခြင်းခံထားရတယ်။ ကုသနေကျပုံစံအတိုင်းသာ ဆက်ပြီးကုနေမယ်ဆိုရင် လေးရက်ထက်ပိုပြီး အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး။
ရှုယောင်ရဲ့မျက်နှာကြောင့်ရော လူသားဆိုင်ရာရှုထောင့်အရရော ဒီလူကို လဲ့ယောင်ကူညီပေးဖို့လိုတယ်။
ဒါပေမယ့်ပြဿနာက ဒီလူကိုကယ်ဖို့ ဘယ်ဟာကအမြန်ဆုံးနည်းလမ်းလဲဆိုတာပဲ!
တကယ်လို့အဲ့တာက သာမာန်သရဲတစ်ကောင်သာဆိုရင်တော့ နှင်ထုတ်ဖို့လွယ်ကူတယ်။ အမွှေးနံ့သာအနည်းငယ်ဖြစ်ဖြစ် သင်းပျံ့တဲ့တစ်ခုခုဖြစ်ဖြစ်ပေးလိုက်မယ်ဆိုရင် သူ့အသိစိတ်နဲ့သူထွက်သွားလိမ့်မယ်။ ဒါပေမယ့် မကောင်းဆိုးဝါးဝိဉာဉ်တွေကျတော့ မတူတော့ဘူး။ သူတို့တွေက လောကကြီးမှာ မကောင်းတာတွေကို လုပ်တဲ့အပြင် သူတို့မသေခင်တုန်းကလည်း ကြီးကျယ်တဲ့မတရားမှုကို ခံစားခဲ့ကြရတယ်။ မကောင်းဆိုးဝါးဝိဉာဉ်တွေကို ဘာကြောင့်မကောင်းဆိုးဝါးဝိဉာဉ်တွေလို့ခေါ်ရတာလဲဆိုတဲ့ အကြောင်းပြချက်က သူတို့ရဲ့နှလုံးသားထဲမှာကိုက ယုတ်မာမှုတွေပဲရှိနေပြီး လောကကြီးကိုလည်း ပျက်ဆီးလိုတဲ့စိတ်ဆန္ဒတွေပြည့်နှက်နေတာကြောင့်ဖြစ်တယ်။ အဲ့လိုတစ္ဆေမျိုးကို နှင်ထုတ်နိုင်ဖို့ကကျတော့ ခက်ခဲတယ်။
အခုကလူနာပြက္ခဒိန်ရဲ့ သုံးဆယ်ရက်မြောက်နေ့ကိုတောင် မရောက်သေးတာကြောင့် သူ့ရဲ့စုတ်တံကိုလည်း သိဒ္ဓိမတင်ရသေးဘူး။ ဒီတစ်ယောက်လို နာကြည်းချက်အရိပ်အငွေ့တွေများပြားနေတဲ့ ဒီလိုမကောင်းဆိုးဝါးတစ္ဆေမျိုးကို သူ့ရဲ့စုတ်တံလေးက ယှဉ်နိုင်မှာတောင် မဟုတ်ဘူး။
ဒီလူ့ဆီကနာကြည်းချက်အရိပ်အငွေ့တွေရဲ့အရင်းအမြစ်က သေဆုံးသူတွေနဲ့ဆက်စပ်နေပြီး လဲ့ယောင်လည်း ဘယ်လိုတစ္ဆေမျိုးလဲဆိုတာ မသိဘူး။ နာကြည်းချက်တွေက အရမ်းကိုထူထဲပြီး ပျောက်သွားဖို့ရာအတွက်ဆိုရင် ကျမ်းဂန်တွေကို လဝက်လောက်အချိန်ယူပြီးရွတ်ရလိမ့်မယ်လို့ ခန့်မှန်းရတယ်။ ဒါပေမယ့် ဒီလူကတော့ အသက်ရှင်ဖို့အတွက် လဝက်လောက်တောင် အချိန်မရှိတော့ဘူး!
YOU ARE READING
ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}
RomanceTitle - The general loves to collect little red flowers Author: 困成熊猫 Total Chapters: 111 Chapters Genre - Comedy, Interstellar, omegaverse, Sci-fi, Transmigration Eng Translator - Frozenmirage Myanmar Translator - Kay_Wine 😉