Zawgyi
"အား...အမေရေ လာပါဦး လာပါဦး ''
သားငယ်ရဲ့အလန့်တကြား အော်သံကြောင့် လက်ထဲက ပေါက်တူးကိုပစ်ချပြီး တဲပေါ် အပြေးတက်ရသည်။
"ဘာဖြစ်လဲ သား ဘာဖြစ်လို့လဲ ''
"ကောင်ကောင်ကြီး..အမေ့, ကောင်ကောင်ကြီး ''
နန်းခင်ကို မြင်သည်နှင့် အတင်းပင် ခွတက်လို့ လည်ပင်းဝယ် မြဲနေအောင် ကုပ်တွယ်လေသည်။ခြေထောက်လေးနှစ်ဖက်ကလည်း နန်းခင်ခါးပေါ် ချိတ်ဆွဲလျက်သား။
"ဘယ်မှာလဲ သားရဲ့ အမေ့ကိုပြ ဘယ်မှာလဲ ''
"အဲ့မှာလေ အမေရဲ့ ရေအိုးနားလေးမှာ ''
သားငယ်ပြောသည့်နေရာကို အသေအချာကြည့်တော့ ဖားတစ်ကောင်။ခြေထောက်ဖြင့် ကြမ်းကိုဆောင့်လိုက်တော့ ခုန်ဆွခုန်ဆွဖြင့် တဲအပြင်ရောက်သွားလေပြီ။
"မရှိတော့ဘူး သားလေး.. အမေမောင်းလိုက်ပြီ ဟိုမှာကြည့် ''
မရှိတော့ပါဘူးဆိုတောင် သားငယ်ခေါင်းက မော့မလာ။သားငယ်ကလေ သိတတ်စကတည်းက အကောင်ပလောင်လေးများဆို သိပ်ကြောက်တတ်၏။ဒါတင်မကသေး။အမေလုပ်သူ ဟင်းစားကိုင်နေရင်တောင် ခပ်ဝေးဝေးသွားနေတတ်သောသူ။
"သားတို့ အိမ်မှာပဲ ပြန်နေရအောင် အမေရယ်''
ခြံထဲမှာ အပင်ပေါက်လေးတွေ ပျိုးကာစမို့ ရွာထဲက အိမ်ကိုပိတ်ပြီး ခြံထဲတဲထိုး၍ လာနေခြင်းကို သားငယ်မနှစ်သက်။အိမ်က လုံခြုံတယ်ဆိုပေမယ့် မထင်ရင်မထင်သလို ယုတ်မာတတ်သည့် စိန်မောင့်ရန်ကြောင့် ခြံကိုလည်း ပစ်မထားရဲ။
"နော်လို့ အမေ။အိမ်ပဲ ပြန်နေကြရအောင်လို့။''
နန်းခင် ပါးနှစ်ဖက်ကို ကိုင်ပြီး နူတ်ခမ်းပါးကို စူကာပြောနေသည့် သားငယ်သည် ချစ်မဝစရာ။အသားအရောင်ရော,ရုပ်ရည်ရော စိန်မောင့်အမွေ အကုန်ရထားပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာတော့ ဆန့်ကျင့်ဘက် ဖြစ်နေ၍ တော်သေးပေသည်။
"အမေ..''
"အေးပါ သားရယ်။ဒီညနေ အပြီးသတ်ပြီးရင် ပြန်ကြမယ် ဟုတ်ပြီလား''
ESTÁS LEYENDO
Romanceမွေးဖွားခြင်းနဲ့အတူ တွဲရက်ကပ်ပါလာသော ကံမကောင်းခြင်းတွေကြောင့် ခက်ခဲကြမ်းတမ်းစွာကြီးပြင်းခဲ့ရတဲ့ကောင်လေးရဲ့ဘဝကို မေတ္တာတရားနဲ့အေးချမ်းစေတဲ့အခါ။ ဒီဇာတ်လမ်းဟာ စာရေးသူရဲ့ စိတ်ကူးယဉ်ရေးဖွဲ့မှုသာ ဖြစ်တာမို့ အကြောင်းတိုက်ဆိုင်သွားခဲ့ရင် နားလည်ပေးဖို့တောင်းဆိ...