46(Z & U)
1.5K 162 48
Zawgyi
"မင်းလုပ်ရက်တယ် ထားရယ် မင်းတကယ်အမေ မပီသဘူး။ကုတင်ပေါ်မှာ ဝင်သက်ထွက်သက်မှန်အောင် မနည်းအားစိုက်ရှူနေရတာ မင်းရဲ့သားပါကွ၊မင်း ဝမ်းနဲ့လွယ်ပြီးမွေးထားရတဲ့သားပါ။မင်းလူတကာပေါ်အတ္တကြီးလို့ရတယ်၊တစ်ကိုယ်ကောင်းဆန်လို့ရတယ်၊ဒါပေမယ့် သားအပေါ်ကိုတော့ မင်းမလုပ်သင့်ဘူးလေ၊ခု သားလေးမှာနေ့လားညလားမသိဘူး၊မင်းမသနားဘူးလား၊ဟမ်..နည်းနည်းလေးတောင်မသနားခဲ့ဘူးလား ထားထားမေရာ''
နယ်မှာပျော်နေတဲ့သားကို ပြန်မလာရကောင်းလားဆိုပြီး ကျန်းမာနေတဲ့ခန္ဓာကိုယ်ကို နေမကောင်းဟန်ဖန်တီး။သားကိုမရမက လှမ်းခေါ်။လနဲ့ချီပြီး ခေါ်ထားတာအားမရလို့ သားချစ်တဲ့သူနဲ့သားနဲ့ကြားအထင်လွဲအောင် ဖိတ်စာအတုနဲ့ အကွက်တွေ့ရွေ့ခဲ့ပုံများ လူကြားလို့တောင်မကောင်းပေ။
"ကျုပ်လုပ်သမျှက သားအတွက်ပဲ။သားကို ဒီလိုအခြောက်ဇာတ် မသွင်းနိုင်ဘူး။ရှင်ကြည့်နေနိုင်ပေမယ့် ကျွန်မမကြည့်နိုင်ဘူး၊ဆွေမျိုးတွေ၊ဆရာဝန်အသိုင်းအဝိုင်းကလူတွေသိသွားကြည့် ကျုပ်တို့မိသားစုကိုဘယ်လောက်တောင်ကဲ့ရဲ့မလဲ။ဒါကြောင့် ကျုပ်လုပ်ခဲ့တာ ဘာဖြစ်လဲ''
ဒီလိုပြသနာတွေဖြစ်လာမှာစိုးလို့ သားရဲ့အခြေအနေအရပ်ရပ်ကိုတောင် သိနေပါရဲ့နဲ့မတိုင်ပင်ခဲ့တာပေါ့။ဒါကိုတောင် မရမကစုံစမ်းပြီး သူ့ဟာသူအေးချမ်းနေသည့်ကလေးကို စိတ်ဒုက္ခတွေပေးဖြစ်အောင်ပေးခဲ့သေးသည်။
"မင်း တော်တော်အတ္တကြီးတဲ့မိန်းမပဲ။သားအတွက်၊မိသားစုအတွက်လို့မပြောနဲ့။မင်းပါးစပ်နဲ့မတန်ဘူးကွ၊သိရဲ့လား၊မင်းကမင်းအတွက် မင်းလုပ်တာ၊မင်းဂုဏ်သိက္ခာအတွက်မင်းလုပ်နေတာ။ငါကတော့ ငါ့သားမျက်နှာပဲ ကြည့်နိုင်မယ်။ငါ့သားသာမပြောကောင်းမဆိုကောင်းတစ်ခုခုဖြစ်ကြည့်။မင်းနဲ့ငါအပြတ်ပဲမှတ်''
စပြီးချစ်ခဲ့ကြသည့် နှစ်ဆယ်ဝန်းကျင်လူငယ်ဘဝကတည်းကထားထားမေကို ဦးတင်မောင်သည်းခံခဲ့သည်၊အလိုလိုက်ခဲ့သည်၊မိဘနဲ့ယှဉ်ပြီးရွေးချယ်လာရချိန်မှာတောင် ဗိုက်ထဲကကလေးနဲ့သူ့မျက်နှာကိုကြည့်လို့ မိဘတွေနဲ့အဝေးကို လိုက်လာပေးခဲ့သည်၊အိမ်ထောင်သက်တစ်လျှောက်လုံးလည်း တော်ရုံပြသနာဆို ကိုယ်ကပဲအလျှော့ပေးပြီး နေလာပေးခဲ့တာ ဒီနေ့ဒီအချိန်ထိ။ခုတော့ သည်းခံနိုင်သည့်အတိုင်းအတာထက်အများအပြားကို ကျော်လွန်သွားခဲ့လေပြီ။