Zawgyi
"ကိုနောင်ရေ...ကျွန်တော်တို့ရောက်ပြီဗျ''
အိမ်အပြင်ဘက်မှခေါ်သံကြောင့် နောက်ဖေးမှာ ချက်ပြုတ်နေရာကနေ နောင် အိမ်ရှေ့သို့ပြေးထွက်လိုက်သည်။ခန့်ရိပ်တို့ရောက်လာကြပြီပဲ။
"လာ..လာ ခန့်ရိပ်။ခွန်းစစ် လာလေ''
ခွန်းစစ်က အိမ်ပေါ်ကိုလှမ်းတက်ရင်း မျက်စိကစားပြီး တစ်စုံတစ်ခုရှာဖွေနေကြောင်း နောင်ရိပ်မိလိုက်သည်။
"ဇွဲမရှိဘူး ခွန်းစစ်''
ခွန်းစစ်တို့လာမည့်အကြောင်းသိပြီးကတည်းက ဇွဲတစ်ယောက် ခြံထဲမှာအလုပ်ရှုပ်ပြနေသည်။ခွန်းစစ်အပေါ်ကို ခုထိ မျက်နှာချင်းမဆိုင်ရဲသေးဘူးထင်ပါရဲ့။
"ကိုဇွဲက ဘယ်သွားနေတာလဲ..ကိုနောင်''
"အေးကွာ..ခြံထဲ အပင်သစ်တွေပျိုးနေတော့ သူအလုပ်ရှုပ်နေလို့ပါ''
ကြည့်ကောင်းအောင် ပြောလိုက်တော့ ခွန်းစစ်က ဪ တစ်လုံးနဲ့ပြီးသွားသည့်တိုင် ခန့်တည်ကတော့ ရိပ်မိဟန်ဖြင့် နောင်ရှိနေသည့်မီးဖိုခန်းထဲလှမ်းဝင်လာကာ..
"တမင်ရှောင်နေတာများလား ကိုနောင်''
"အာ..အဲ့လိုတော့မဟုတ်''
"ကျွန်တော့ကိုအားမနာပါနဲ့။ကျွန်တော်နားလည်ပါတယ်၊တကယ်ဆို ခွန်းကလည်းမဟုတ်တာပါ။သူ့အပေါ် ဒီလောက်ကောင်းခဲ့တဲ့လူကို ပစ်ပစ်ခါခါတွေမပြောခဲ့သင့်ဘူးလေ''
"ဒါကလည်း မင်းကိုချစ်တဲ့စိတ်ကြောင့်ကိုး ခန့်တည်ရ''
ခန့်တည်ကလေ မိဘတွေရဲ့အုပ်ထိန်းမှုကြောင့်ပြောရမလား၊သူကိုယ်တိုင်ကိုက တစ်ဖက်သားအပေါ် ဖြည့်တွေးပေးတတ်သော စိတ်အခံကြောင့်လားမသိ။ဘယ်လိုပြသနာမျိုးမှာမဆို အဘက်ဘက်မျွှတွေးရင်းဖြေရှင်းတတ်သည်။ဇွဲ အိမ်မီးလောင်စဉ်ကပဲ ကြည့်လေ။ဒီလောက် အပြစ်လုပ်ခဲ့တာတောင် ပြန်ပြုပြင်ပါဆိုတဲ့စကားတစ်ခွန်းသာပြောပြီး ခွင့်လွှတ်ပေးနိုင်ခဲ့သည့် လူစား။
"ဒါနဲ့ မင်းတို့ ခွန်းစစ်အိမ်မှာ ပြန်အိပ်မှာလား။ဒီမှာပဲ တည်းမလား''
YOU ARE READING
Romanceမွေးဖွားခြင်းနဲ့အတူ တွဲရက်ကပ်ပါလာသော ကံမကောင်းခြင်းတွေကြောင့် ခက်ခဲကြမ်းတမ်းစွာကြီးပြင်းခဲ့ရတဲ့ကောင်လေးရဲ့ဘဝကို မေတ္တာတရားနဲ့အေးချမ်းစေတဲ့အခါ။ ဒီဇာတ်လမ်းဟာ စာရေးသူရဲ့ စိတ်ကူးယဉ်ရေးဖွဲ့မှုသာ ဖြစ်တာမို့ အကြောင်းတိုက်ဆိုင်သွားခဲ့ရင် နားလည်ပေးဖို့တောင်းဆိ...