Zawgyi
"ကိုဇွဲ.''
ခေါ်သံနှင့်အတူ ခြံထဲတစ်လှမ်းချင်းဝင်လာသည့်ခွန်းမျက်နှာသည် တစ်စက်မှအားရှိပုံမရ။
"ဘာဖြစ်လာတာလဲ...ခွန်းစစ်''
"ကျွန်တော် စိတ်ညစ်လို့ပါ..ကိုဇွဲရာ..''
ညည်းညည်းညူညူလေးပြောတိုင်း ပြသနာတစ်စုံတရာရှိလာလို့ဆိုတာ ဇွဲသိလိုက်ပြီ။ဘယ်သူမှလည်း ပါမလာဘဲ ခွန်းစစ်တစ်ယောက်တည်းလာတာမို့ တစ်ခုခုရင်ဖွင့်ချင်လို့ဆိုတာသေချာသည်။
"လာလေ..အိမ်ထဲဝင်''
ခွန်းစစ်ရှိနေရက်နဲ့တောင် ဘာကိုလစ်ဟာလို့လစ်ဟာမှန်းမသိတဲ့ရင်တွင်းတစ်နေရာကြောင့် အရက်ထိုင်သောက်နေချိန်မှ ခွန်းစစ်ကကွက်တိရောက်လာတော့ အရက်ဝိုင်းကိုခဏဘေးဖယ်ပြီး ခွန်းစစ်ညစာစားဖို့အရေး ငစိုးကိုပြင်ခိုင်းရတော့သည်။မနေ့ကတင် ဒဏ်ရာကရထားတော့ ငစိုးတစ်ယောက်သိပ်ပြီးမသွက်လက်။ဒီကောင်..နောင်။ငစိုးတို့ ဒဏ်ရာတွေနဲ့ရောက်လာတာတောင် ဇွဲဆီဖုန်းတစ်ချက်မဆက်ဘူးပဲ။တော်တော်နေနိုင်တဲ့ကောင်။
ငစိုးပြင်ဆင်နေစဉ်မှာ ဇွဲကတော့ခွန်းစစ်ရှေ့ထိုင်ပြီး ပြောလိုရာပြောဖို့ခွင့်ပေးထားရသည်၊၊ဇွဲ လုံးဝကို မထင်မှတ်ထားသည့်အကြောင်းအရာအချို့ကြားရချိန်မှာ ဖြစ်ပေါ်လာသည့်ခံစားချက်က အတော်ကိုခံရခက်သည်။မျက်ရည်တွေ ဝိုင်းပြီးသူ့ရှေ့ထိုင်လို့ရင်ဖွင့်နေတဲ့ကောင်လေးရဲ့အချစ်ကသူ့အတွက် မဟုတ်ဘူးတဲ့လား။သူမဟုတ်တဲ့ တခြားတစ်ယောက်ကြောင့် မျက်ရည်ကျရသတဲ့လား။သူကတော့ဖြင့်တစ်သက်လုံးအလှကြည့်ရုံသတ်မှတ်ပြီးတန်ဖိုးထားလိုက်ရပေမဲ့ ခုတော့ တခြားသူရဲ့အပိုင်ဖြစ်သွားခဲ့လေပြီ၊
ဇွဲ ရင်ခွင်ထဲတော့ခိုဝင်နေပါရဲ့နဲ့ ငိုငိုပြီး ပြောနေသည်က ဇွဲအကြောင်းမဟုတ်ပေ။ကလေးဘဝကတည်းက ချစ်ခဲ့ရသည့် ဇွဲကိုတော့ဘာကြောင့်မမြင်ခဲ့သလဲလို့ ဇွဲမေးကြည့်ချင်သည်။သို့သော်လည်း တကယ်တမ်းမေးထွက်သွားသည်က...
"မင်း..သူ့ကို သိပ်ချစ်တာပဲလား..''
"မေးတတ်တယ် ကိုဇွဲကလည်း...ချစ်လို့ဘဲ လက်ထပ်ခဲ့တာပေါ့လို့ ကိုဇွဲလိုအသည်းနှလုံးမရှိတဲ့လူမှမဟုတ်တာ ကျွန်တော်က''
STAI LEGGENDO
Storie d'amoreမွေးဖွားခြင်းနဲ့အတူ တွဲရက်ကပ်ပါလာသော ကံမကောင်းခြင်းတွေကြောင့် ခက်ခဲကြမ်းတမ်းစွာကြီးပြင်းခဲ့ရတဲ့ကောင်လေးရဲ့ဘဝကို မေတ္တာတရားနဲ့အေးချမ်းစေတဲ့အခါ။ ဒီဇာတ်လမ်းဟာ စာရေးသူရဲ့ စိတ်ကူးယဉ်ရေးဖွဲ့မှုသာ ဖြစ်တာမို့ အကြောင်းတိုက်ဆိုင်သွားခဲ့ရင် နားလည်ပေးဖို့တောင်းဆိ...