29(Z &U)
1.3K 156 69
Zawgyi
ဒီနေ့ ငစိုးက အမဲသားချက်ပေးတာမို့ အားရပါးရစားမည်ဆိုသောရည်ရွယ်ချက်က လက်ထဲကိုင်ထားသည့်ဇွန်းပြုတ်အကျမှာပင် အကုန်ပျက်စီးတော့သည်။လေ့ကျင့်နေသည့်ကြားက ခုထိ ဇွန်းကို ပိုင်ပိုင်နိုင်နိုင် မကိုင်နိုင်သေး။လက်ငါးချောင်းလုံးဖြင့် ဆုပ်ကိုင်လိုက်ပြီး ထမင်းပန်းကန်ထဲထိုးနှစ်ပြန်တော့လည်း ဇွန်းထဲမှာ ထမင်းကပါမလာ။
"ဟာကွာ...တောက်.. ''
"ဘာဖြစ်လို့လဲ..ဆရာ..ဘာဖြစ်လို့လဲ..''
အပြေးအလွှားလာမေးသည့် ငစိုးကိုလည်း ပြန်ဖြေချင်စိတ်မရှိ။ဒီလိုကနေ လက်က ပြန်မကောင်းတော့ရင် ဘယ်လိုလုပ်မလဲ၊ဇွန်းကို ပစ်ချလိုက်ပြီး အခန်းနံရံမှာ အခွေလိုက်ချိတ်ထားသည့် ကြာပွတ်ဆီ လက်လှမ်းလိုက်သည်။ကြာပွတ်၏ လက်ကိုင်ရိုးကို မြဲနေအောင်ကိုင်လိုက်ပြီး မွှေ့ယမ်းပစ်လိုက်ပေမယ့် ဦးတည်ရာကတစ်နေရာ ကြာပွတ်၏လားရာကတစ်နေရာဖြစ်နေသည်။မည်သို့ပင် အားစိုက်၍ လုပ်သော်ငြား ကြာပွတ်ကိုထိန်းမတ်ဖို့ရာ ဇွဲလက်တွေ မလုပ်ဆောင်နိုင်သေး။
"ဟာကွာ....''
"ခွမ်း..ဂလွမ်း..''
မျက်စိရှေ့မြင်မြင်သမျှကိုမွေ့ယမ်းပစ်လိုက်ပြီး အိမ်ရှေ့ခန်းတစ်ခန်းလုံးလည်း ရစရာမရှိတော့ချေ။ကြေမွသွားသောဖန်ခွက်၊ပန်းအိုး စတာတွေက ဇွဲခြေထောက်နား ပြန့်ကြဲလို့။စိတ်ပေါက်ပေါက်ဖြင့် ကြာပွတ်ကိုလွှင့်ပစ်ပြီး နံရံထက်ကိုသာ လက်သီးဖြင့်ဆင့်ကာဆင့်ကာထိုးမိတော့သည်။သွားပြီ...လက်က...တကယ်သွားပြီ၊
"ဇွဲ..''
ဇွဲလက်သီးကို ဖမ်းဆွဲရုံမက နံရံပေါ်ကိုပါ လက်ကာလိုက်သည့်နောင့်ကြောင့် ကိုယ်ရှိန်ကိုသပ်ကာ ကမ်းပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်သည်၊
"ငါ့လက်က သုံးလို့မရတော့ဘူးထင်တယ်..ဟမ်..ငါ့လက်ကသုံးလို့မရတော့ဘူးလားလို့''
ဇွဲပခုံးပေါ် ဖွဖွလေးရောက်လာသော မေးချွန်ချွန်။နွေးထွေးသွားသော ဇွဲရဲ့ ခန္ဓာကိုယ်။ကျောပြင်ပေါ်ကို လက်ချောင်းများဖြင့် သာသာလေးပွတ်သပ်ပေးနေရုံမက ဇွဲရဲ့ဆံသားလေးတွေကိုပါ ခပ်ဖွဖွ သပ်ပေးနေလေသည်။