Zawgyi
လိုက်ပို့သူမရှိသော အမေ့နာရေးက အလွန်ပင်တိတ်တိတ်ဆိတ်ဆိတ်ပြီးသွားခဲ့လေပြီ။သူကတော့ လက်တလောကျောခင်းလို့ရရုံ ဆောက်ထားသော တဲလေးရှေ့ အမေ့အရိပ်များကိုသာမြင်ယောင်လို့နေသည်။သူ့အတွက် တစ်ဦးတည်းသော ခင်တွယ်ရာ၊အားကိုးရာဖြစ်သောအမေ့ကိုဆုံးရှုံးလိုက်ရခြင်းအပေါ် ခုထိမယုံကြည်နိုင်သေး။
"သားငယ်လေး..လာအမေ့ဆီ။အဲ့ဖားကြီး အမေ မောင်းထုတ်ပေးမှာပေါ့သားရဲ့''
ဖားတွေ့တိုင်း ဆွေ့ဆွေ့ခုန်နေတတ်သော သူ့ကို ခါးထစ်ခွင်ရင်း ချီပိုးပေးတတ်သောအမေ။
"သားအကြိုက် တို့ဟူးနွေးပူပူလေး လုပ်ပေးထားတယ် အတူစားကြစို့''
အစားချေးမများသည့်တိုင် တို့ဟူးနွေးတစ်ခုကတော့ နှစ်နှစ်ကာကာစားတတ်သောသူ့အတွက် တစ်ပတ်မှာ ၃ရက်လောက်တော့ မဖြစ်မနေလုပ်ကျွေးတတ်သည့် အမေ။
"သားလေးက အမေ့ဘဝပါသားရယ်။သားမရှိရင် အမေလည်း အသက်ရှင်နိုင်မှာမဟုတ်ဘူး''
ခုကျတော့ရော သားကိုထားခဲ့ပြီး အေမ ထွက်သွားရက်သတဲ့လား။
"ဟဲ့စိန်မောင် နင်ငါ့သားကိုထိစရာမလိုဘူး။ငါ့သားက နင့်လိုအမှိုက်သရိုက်မဟုတ်ဘူးဟဲ့။လာစမ်းပါ လာစမ်း။ငါ့သားကိုထိရင် ငါကအသက်ချင်းလဲပစ်လိုက်မယ်''
လင်ဆိုးမယားတဖားဖား ဘဝကို ခါးစည်းခံလာပေမယ့် သူ့အပေါ်ထိခိုက်အောင်လုပ်သည့်အခါမှာတော့ လင်ကောဘာကောနားမလည် ဓားဖြင့်လိုက်ခဲ့သူအမေ။အမေ့ကို နိုင်နင်းနေကျအဖေပင်လျှင် ထိုစဉ်အခါက အမေ့ကိုလန့်ကာ ခွေးပြေးဝက်ပြေး ပြေးခဲ့ရဖူးသည်။ဒါသည်က သူနဲ့ပတ်သက်လျှင်ဖြစ်ပေါ်လာသော အမေ့အားမာန်။
မသွားပါနဲ့လို့ အတန်တန်ထားသည့်ကြားမှ ထွက်သွားခဲ့သည့် သူ့အမှားပါ။အသီးငွေတွေ အဖေ ယူသုံးတော့ရော ဘာဖြစ်သေးလဲ။ခုတော့ အမေ့ကိုဆုံးရှူံးလိုက်ရပြီ။ခြေမခိုင်လက်မခိုင်ဖြင့် မီးခွက်ကိုင်ရာမှ ကိုယ့်ကိုယ်ကိုယ် မီးလောင်တိုက်သွင်းသလိုများဖြစ်ခဲ့လေသလားမသိ။သနားလိုက်တာ အမေရာ။မသေခင်အထိ ဘယ်လောက်တောင် ပူလောင်နာကျင်နေရှာမလဲ။
YOU ARE READING
Romanceမွေးဖွားခြင်းနဲ့အတူ တွဲရက်ကပ်ပါလာသော ကံမကောင်းခြင်းတွေကြောင့် ခက်ခဲကြမ်းတမ်းစွာကြီးပြင်းခဲ့ရတဲ့ကောင်လေးရဲ့ဘဝကို မေတ္တာတရားနဲ့အေးချမ်းစေတဲ့အခါ။ ဒီဇာတ်လမ်းဟာ စာရေးသူရဲ့ စိတ်ကူးယဉ်ရေးဖွဲ့မှုသာ ဖြစ်တာမို့ အကြောင်းတိုက်ဆိုင်သွားခဲ့ရင် နားလည်ပေးဖို့တောင်းဆိ...