22(Z & U)
1.3K 169 39
Zawgyi
တစ်ပတ်ခန့်ကြာပြီးနောက် ဇွဲလက်ပေါ်တွင် ပတ်တီးမရှိတော့ချေ။ပတ်တီးဖြည်ပြီးမှပင် လူလည်းနားအေးတော့၏။စဖြစ်ပါသည်ဆိုတဲ့နေ့ကတည်းက နောင့်ဆီမှ ဖုန်းကို အကြိမ်ကြိမ်ဖြေရှင်းနေရသည်က တစ်လုပ်။လက်သက်သာလား၊ပြန်ကိုက်လား။တခြားဒဏ်ရာတွေကရော စဖြင့် မေးခွန်းများစွာကို မရိုးနိုင်စွာ မေးမြန်းတတ်သည်။လူနာတွေအပေါ် ဂရုစိုက်တတ်တာကောင်းပေမယ့် ဇွဲအပေါ် အသေးစိတ်လာပူပန်နေခြင်းကတော့ အတော်ပင်စိတ်ရှုပ်စရာကောင်း၏။
"ကွေးကြည့်..ဆန့်ကြည့် okလား''
ဖြည်ထားသောပတ်တီးစကို လက်ထဲလုံးထွေးကိုင်ထားရင်း ဇွဲလက်ကောက်ဝတ်၏ လှုပ်ရှားမှုကိုလည်း အကြည့်မပျက်။သူပြောသလို မျိုးစုံလှုပ်ရှားပြပြီးမှပင် စိတ်သက်သာသွားဟန်ဖြင့် သက်ပြင်းတိုတစ်ချက်ကို ချရင်း ဇွဲကို ရယ်ပြနိုင်သည်။ဇွဲ တွေးကြည့်သည်၊ဒီလောက်ဒဏ်ရာလေးရသည့်လူနာကိုတောင် သူခုလိုစိတ်ပူပန်နေလျှင် ကြီးကြီးမားမားသာဆို ဒီဆရာဝန် အိပ်တောင်ပျော်ပါ့မလားမသိ။
"ကော်ဖီသောက်မလား။ငါဖျော်တိုက်မယ်''
"အင်း ဖျော်လေ''
နောင့်အိမ်က ဆေးရုံမှာထက်တော့ အများကြီးနေရသက်သာသည်။စိတ်လည်းလွတ်လပ်သည်။
"....''
နောက်ဖေးဘက်မှာအသံစုံထွက်နေပြီး လူကတော့အိမ်ရှေ့ပြန်ရောက်မလာ။ကော်ဖီကခုမှစိုက်တုန်းထင်ပါရဲ့။နေရတာလည်း နည်းနည်းညောင်းသလိုလိုမို့ ပြတင်းပေါက်ဆီမတ်တက်ရပ်မိတော့ တန်းပေါ်တလွင့်လွင့်ဖြစ်နေသော မာဖလာအဖြူလေးကိုမြင်လိုက်ရသည်။
"ကော်ဖီရပြီ..ဇွဲ...ရေနွေးကုန်နေတာငါမသိလိုက်လို့ ကြာသွားတယ်''
"မင်း မာဖလာက..''
"သြော်...အေး..ဟုတ်တယ်၊ခဏ ဇွဲ၊ငါသွားရုတ်လိုက်ဦးမယ်''
အငွေ့တလူလူဖြင့် မွှေးကြိုင်နေသော ကော်ဖီခွက်ကို ဇွဲရှေ့တွင်သေချာချပေးပြီး သူကတော့ အတက်အဆင်းလှေကားမှ အပြေးအလွှားပင်ဆင်းသွားရင်း မာဖလာကိုရုတ်သည်။ပြီးတော့ ချက်ချင်းပြန်တက်မလာသေး။မာဖလာကို ဖင်တပြန်ခေါင်းတပြန် ကြည့်ရင်း ကျေနပ်လောက်မှ ခပ်ပါးပါးပြုံးသည်။ပြုံးတိုင်းပေါ်လာသည့် အချိုင့်ငယ်သေးသေးကလည်း နှုတ်ခမ်းထောင့်နားနှစ်ဘက်မှာ အကျအန နေရာယူလျက်။