16(Z & U)
1.6K 194 67
Zawgyi
အထုပ်အပိုးတွေပြင်ဆင်ရင်း ကိုယ်ကပျော်နေသလောက် မေကြီးကတော့ မျက်နှာမကောင်းချင်။
"သားရယ် အိမ်နဲ့ဝေးပြီး သွားနေရမှာ ဒီလောက်တောင် ပျော်သလား။မျက်နှာကို ပြုံးရွှင်နေတာကြည့်ပါဦး''
"မေကြီးရယ်။နောင်က တာဝန်နဲ့သွားမှာလေ။ပြီးတော့ ဖေကြီးခြေရာကိုနင်းနိုင်တဲ့သားဖြစ်တော့မှာလေ မပျော်ရဘူးလားလို့''
"အေးပါ အဖေချစ်သားကြီးရယ်။ပျော်ပါ။ပျော်ပါ။ဒီအမေကတော့ လွမ်းနေရတော့မှာပဲ''
မေကြီးနှင့်ဖေကြီးယှဉ်လျှင် လက်သာသည့်ဖေကြီးကို နောင်ငယ်ငယ်ကတည်းက ပိုတွယ်သည်။ပါရဂူတစ်ယောက်ဖြစ်သည့်ဖေကြီးက မအားလပ်သည့်ကြားမှ နောင့်အတွက်ဆို အမြဲအချိန်ခွဲဝေပေးတတ်သည့်အပြင် ​နောင့်အတွက် ညီအကိုလို၊သူငယ်ချင်းလို၊သားအဖလို ၊ပြောရရင်တော့ နောင်လိုအပ်သလိုအနေအထားမျိုးဖြင့် ဖေကြီးကဆက်ဆံပေးလေ့ရှိသည်လေ၊
မေကြီးကကျတော့ နောင်ဖြစ်ချင်သမျှ အလိုလိုက်နေပေမယ့် တချို့နေရာတွေမှာတော့ မေကြီးသဘောမေကြီးစိတ်လုပ်ချင်တာမျိုးတော့ရှိတတ်သည်၊ထိုအခါမျိုးမှာ နောင့်ဘက်က အမြဲလိုလို ဖာထေးကူညီပေးတတ်သူက ဖေကြီးသာ။
"မေကြီးကိုလည်းချစ်ပါတယ်ဗျာ''
"တော်ပါ။လာချွဲမနေနဲ့။ပစ္စည်းတွေသေချာထည့်။ဟိုရောက်မှ ဟိုကျန်ဒီကျန်ဖြစ်နေမယ်၊မေကြီးလည်း အခြောက်အခြမ်းလေးတွေ ကြော်လှော်လိုက်ဦးမယ်။''
"ဟုတ်။ဪ.။ဒါနဲ့ နောင် ခဏနေရင် အပြင်ခဏသွားဦးမယ်နော်။လင်းပြည့်လည်းမနက်ဖြန်နယ်ထွက်ရမှာဆိုတော့ သွားတွေ့လိုက်ဦးမယ်''
"အေးအေး''
#
ဆေးကျောင်းတစ်လျှောက် နောင်ပေါင်းသည့် သူငယ်ချင်းက လင်းပြည့်ယံတစ်ယောက်သာရှိသည်။လင်းပြည့်က အနေအေးသလို စိတ်ထားလည်းသိပ်ကောင်းတဲ့သူမို့ ချစ်သူခင်သူကတော့အများသားပင်။သို့ပေမယ့် လင်းပြည့် ယခုထိစွဲစွဲမြဲမြဲပေါင်းလာတာကလည်း နောင်တစ်ယောက်တည်းရှိ၏။