30(Z & U)
1.3K 150 35
Zawgyi
၅နှစ်အောက်ကလေးတွေ ကာကွယ်ဆေးထိုးရန် စီမံချက်ကြောင့် နောင်နှင့်အတူ ဆရာမနန်းမွန်တို့ ရွာထဲကွင်းဆင်းရသည်။မြို့ပေါ်ကသာ ဆေးရုံကိုမပျက်မကွက်လာကြပေမဲ့ ​ကျေးရွာတွေဘက်ကကျ ကျန်းမာရေးအသိနှင့်ပတ်သက်လျှင်နားဝေးချင်သည်။ဘယ်လောက်မှာမှာ ဆေးရုံရှေ့ကို ခြေဦးတောင်မလှည့်ဘဲ ခပ်ဝေးဝေးကသာရှောင်ချင်ကြ၏။ဒီလိုရက်မျိုးဆို ကာကွယ်ဆေးတင်မက လိုအပ်သောတခြားဆေးဝါးပါထည့်လို့ ကျန်းမာရေးစောင့်ရှောက်မှူပေးရသည်၊သက်ကြီးရွယ်အိုတွေကလည်း ဆရာဝန်တွေ၊ဆရာမတွေအိမ်အထိလာမှပဲ ဆေးကုခံချင်ကြတာကိုး။
"မနန်းမွန်..ဘယ်နှယောက်ကျန်လဲ''
"ဒီဘက်အပိုင်းက ကလေးနည်းတယ် ဒေါက်တာ''
ကလေးနည်းတယ်ဆိုတာတောင် ဒီကွင်းဘက်က လေးငါးယောက်ရှိသည်။နောင်ကတော့ သစ်ပင်ရိပ်တစ်ခုမှာထိုင်ရင်း ယခုမှဆေးကုရန်အလုအယက်တန်းစီနေသော အဖိုးအဖွားအချို့ကို စမ်းသပ်ပေးနေရသည်။ဒါတောင် အချို့က အိမ်ထဲကနေမထွက်။
"ဆေးရုံလာပါဆို..မလာကြဘုးနော်''
"မအားလို့ပါဆရာလေးရယ်..။ကွင်းထဲအပင်တွေအသီးတွေနဲ့ကို''
ဘယ်သူ့မေးမေးဒီလိုအဖြေကအများသားပင်၊တချို့ကျတော့လည်း ဆေးရုံလာရင်စရိတ်ကုန်မယ်။သူတို့မတတ်နိုင်ဘူးပေါ့။နောင်ကတော့ ကြုံတိုင်း နားဝင်အောင်ပြောပေမယ့် နောင့်ကွယ်ရာရောက်ရင် သူတို့သဘောအတိုင်းသာ။အိမ်ကသားသမီးတွေ ပြောပြလည်း လက်မခံရေးချလက်မခံ။ဒါပါပဲ..အသက်ကြီးတဲ့သူတွေရဲ့ ချစ်စရာဂျစ်တိုက်မှုလေးတွေ။
"ကျွန်တော်ပေးတဲ့ဆေးကို ကုန်အောင်သောက်ရမယ်နော်''
"စိတ်ချပါ..တစ်ခါတည်းကုန်အောင်သောက်လိုက်မယ်''
အားရှိပါးရှိဖြင့် ပြောလိုက်သော အသက်၈၀အရွယ်အဖိုးကြောင့် နောင့်မှာ ပြူးပြူးပြာပြာဖြင့် ပြန်ဖြေရှင်းရပြန်သည်။
"တစ်ခါတည်းအကုန်သောက်ရမှာမဟုတ်ဘူး အဖိုးရဲ့၊ဒီမှာ ဒီမွာ မနက်၊နေ့လည်။ည ရေးထားပေးတယ်တွေ့လား။အဖိုးရဲ့သားသမီးတွေရော''