38(Z & U)
1.3K 164 101
Zawgyi
ဆေးရုံထဲကို ဝင်ဝင်ချင်းဆူညံပွတ်လောရိုက်နေသည့်အသံများကြောင့် ဆိုင်ကယ်ကို သေချာတောင်မရပ်နိုင်ဘဲ အမြန်ဝင်ပြေးရသည်။ထင်သည့်အတိုင်းပင်။မနက်ခင်းအတွက်လိုအပ်တာလုပ်ပေးမည့်ဆရာမနှင့် လုံးဝကိုအထိမခံသောဇွဲတို့ပြသနာတက်နေခြင်းသာ။
"အေး နောင်သူရေ၊နင်လာမှာပဲ။ဒီမှာ ဆေးတိုက်ချိန်ကကျော်နေပြီ။ဘယ်လိုမှပြောမရဘူး''
"ပေးပေး...ကျွန်တော်လုပ်လိုက်မယ်။''
ဇွဲကလေ ဒဏ်ရာအရှိန်နဲ့ သိပ်ပြီးလှုပ်လှုပ်ရှားရှားမလုပ်နိုင်တော့ ကိုယ်ထက်စိတ်ကပိုပြီးပင်ပန်းနေတယ်ထင်ပါရဲ့။နဂိုကတည်းက စိတ်မရှည်တတ်သည့်အခံနှင့် ခုဆိုပိုလို့တောင်ဆိုးနေသေး၏။ဆရာမတွေ လုပ်ပေးကိုင်ပေးရင်းလည်း နည်းနည်းမှ လက်မခံ။လိုအပ်လို့အတင်းအကြပ်လုပ်ရပြီဆိုလည်း ရုန်းကန်နိုင်သမျှအားနဲ့ ဝိုင်းဒိုင်းကိုကြဲရော။ခုပဲကြည့်။သွေးပေါင်လာချိန်ပေးတဲ့ဆရာမကို ကောင်းနေတဲ့လက်တစ်ဖက်ကနေ အသည်းအသန်ကိုတွန်းလွှတ်နေသည်။
"ဇွဲ..ဇွဲ...ဒေါသတွေဘာလို့ထွက်နေတာလဲ..လာပြီ..ငါလာပြီ''
ရုန်းကန်နေတဲ့ဇွဲရဲ့လက်တွေကို နောင်ဆုပ်ကိုင်ထားသည့်တိုင် ဇွဲပုံစံက ပုံမှန်မဖြစ်သေး။နှုတ်ခမ်းကလည်းတလှုပ်လှုပ်ဖြင့် တစ်ခုခုကိုပြောချင်နေဟန်။
"ဆီး....သွား...''
တစ်လုံးချင်းထွက်လာသောစကားသံကိုနားထောင်ရင်း ဇွဲအောက်ပိုင်းကို သတိထားမိမှ ဇွဲဘာဖြစ်နေမှန်းနောင်သဘောပေါက်တော့သည်။ဆရာမကို အပြင်ထွက်ခိုင်းပြီး ကန့်လန့်ကာကိုလုံနေအောင်ဆွဲလို့ ဇွဲအောက်ပိုင်းဘက်ကို အသာလေးစမ်းကြည့်လိုက်တော့ စိုထိုင်းထိုင်းအထိအတွေ့။ဆီးတွေသွားထား၍ ဆရာမများအနားကပ်မည်ကိုစိုးရိမ်နေခြင်းပင်။
ပုံမှန်ဆိုရင်တော့ နောင်ကပဲ အပေါ့အလေးကိစ္စတွေတာဝန်ယူပြီးရှင်းပေးနေကျ။ခုမနက်က ကွင်းထဲဘက်မွေးလူနာအရေးကြီးတယ်ဆိုပြီး မိုးတောင်မလင်းခင်အပြေးထသွားရတော့ ဇွဲကိုမလုပ်ပေးအားတော့။ဒိုင်ဘာဝတ်ထားပေးဖို့ကျတော့လည်း အမြဲလှဲနေရသည့်ဇွဲ နေရထိုင်ရအဆင်မပြေမှာစိုးရတော့ ပုဆိုးအောက်မှာကလေးသေးခံခပ်ကြီးကြီးလေးတစ်ခုသာ အကူအကာထည့်ပေးထားရသည်။