Zawgyi
"ကျွန်တော်....''
တလောကလုံးမှာ ဇြဲ အယုံကြည်ရဆုံးလူကိုပြပါဆိုရင် အချိန်မဆိုင်းပဲ ခေါ်ပြမိမှာက နောင်တစ်ယောက်သာရှိသည်။မပေးတဲ့ကတိကိုတောင် တည်ဖို့ကြိုးစားခဲ့သည့်နောင်က ဒီလိုကိစ္စကိုလည်း အကြောင်းမရှိဘဲတော့ လုပ်မှာမဟုတ်ကြောင်း ဇွဲယုံသည်။
"ဘာလို့မဖြေတာလဲ ငဇွဲ..''
"လုပ်သွားခဲ့ပြီးပြီကွာ။သူ့မှာအကြောင်းရှိလို့ပေါ့။ခုချိန်မှာ ယုံတယ်မယုံဘူးကရော ဘာများအရေးကြီးတော့လို့လဲ''
"မဟုတ်ဘူး ဇွဲမွန်သာ''
"ကိုတင်လတ်လည်းပြန်ပါတော့ဗျာ။သူရောကျွန်တော်ရော ဖွင့်မပြောဖြစ်ခဲ့ပေမယ့် ချစ်ခဲ့ဖူးကြတယ်ဆိုတာနဲ့တင် ကျေနပ်ရမှာပါ။တစ်ခုပဲ။နောင့်ကိုမကောင်းပြောနေတဲ့ပါးစပ်ပေါက်တွေကိုတော့ ကိုတင်လတ်ကပဲတားပေးပါ။မဟုတ်လို့ အဲ့လိုစကားတွေကျွန်တော်ကြားရပြီဆို ဘယ်သူ့ဖြစ်ဖြစ် သတ်ပစ်လိုက်ဖို့ဝန်မလေးဘူး''
ပြောပြီးသည်နှင့် ယင်းတို့နှစ်ယောက်စလုံးကို ကျောပေးလိုက်သည်။ထပ်ပြီးမမျှော်လင့်ချင်တော့ပါ။ထွက်သွားနိုင်သူက ထွက်သွားပြီးပြီပဲမို့ အခြေအနေက ပြောင်းလဲပစ်လို့ရော ရနိုင်ပါဦးမလား။အတင်းဇွတ်တိုးရင် နောင်ပဲ စိတ်ဆင်းရဲရလိမ့်မည်၊ခုချိန်ထိတောင် တစ်ယောက်နဲ့တစ်ယောက်ဖုံးကွယ်ပြီး နေခဲ့ကြသေးတာပဲဆိုတော့ ဆက်ပြီး မျိုသိပ်သွားခြင်းက အကောင်းဆုံးရွေးချယ်မှုဟု ဇွဲထင်သည်။
နှုတ်ဆက်နေသည့်ကိုတင်လတ်ကိုလည်းကျောပေးရက်ကသာ ခေါင်းညိတ်ပြလိုက်သည်။ဖိအိပ်ထားတဲ့မျက်နှာတစ်ဖက်ခြမ်းက စိုစွတ်နေမှုကို မမြင်စေချင်။
"ဘာကြောင့်ဖြစ်ဖြစ်..မင်းပျော်နေရင်ရပြီနောင်''
#
လက်ထဲရောက်လာသည့် အဖြူရောင်ဖွေးစွတ်နေသော ဖိတ်စာလေးပေါ်မှာ ရေးထိုးထားသည့် ပန်းစာလုံးလေးတွေက နောင်မြတ်နိုးရသူ၏အမည်နာမ၊မြတ်နိုးလွန်းလို့ နာမည်အပြည့်အစုံတောင်မခေါ်ရက်နိုင်ခဲ့တဲ့သူ။နောင့်ကိုမချစ်ခဲ့တာလည်းသိနေပေမယ့် ခုလိုမျိုး အမျိုးသမီးတစ်ယောက်နဲ့လက်ထပ်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ နောင်မထင်ခဲ့ပေ။လုပ်ရက်သလားလို့လည်း မမေးရက်ပါ။ဘာကြောင့်ဆို ဇွဲကိုချစ်ကြောင်းမဖော်ပြနိုင်ခဲ့သည့်အပြင် ပြန်လာမယ်လို့ပြောခဲ့သည့်အချိန်ကလည်း သိပ်ကိုကြာသွားခဲ့၏။
YOU ARE READING
Romanceမွေးဖွားခြင်းနဲ့အတူ တွဲရက်ကပ်ပါလာသော ကံမကောင်းခြင်းတွေကြောင့် ခက်ခဲကြမ်းတမ်းစွာကြီးပြင်းခဲ့ရတဲ့ကောင်လေးရဲ့ဘဝကို မေတ္တာတရားနဲ့အေးချမ်းစေတဲ့အခါ။ ဒီဇာတ်လမ်းဟာ စာရေးသူရဲ့ စိတ်ကူးယဉ်ရေးဖွဲ့မှုသာ ဖြစ်တာမို့ အကြောင်းတိုက်ဆိုင်သွားခဲ့ရင် နားလည်ပေးဖို့တောင်းဆိ...