12(Z & U)
1.6K 197 10
Zawgyi
"ကိုကြီးရေ..''
လူကမမြင်ရသေး အသံကအရင်ကြားရလေပြီ။သုံးလေးရက်လောက်ပျောက်နေပြီးမှ ဒီနေ့တော့ဒူးအနာပျောက်သွားပြီထင်ပါရဲ့။
"ဟဲ့ ခွန်း..မပြေးနဲ့လို့ဆို''
မေခွန်းနီကတော့ ခွန်းစစ်အနောက်မှ ပစ္စည်းအချို့သယ်ရင်းပြေးလိုက်လာကာ အနားရောက်မှ ဟောဟဲဆိုက်နေလေ၏။
"ဘာလို့ပြေးလာတာလဲ။ဟိုနေ့ကလို ထပ်လဲချင်လို့လား''
"မေမေ မုန့်ပေးခိုင်းလိုက်လို့ ။မအေးခင် ကိုကြီးဆီပေးဆိုလို့''
"သူမေ့သွားမှာစိုးလို့ မေမေကရောက်ရောက်ချင်းကိုကြီးကို သွားပေးဖို့ပြောတာပါ။အဲ့ဒါကိုပြေးလိုက်တာတအား''
အပြစ်မဆိုသာဆိုသာဖြင့် ဆူဆူဆောင့်ဆောင့်လေး ပြောနေသော ​မေခွန်းနီက တကယ့်ကိုအစ်မကြီးရုပ်သွင်။
"ဒီမှာ ကိုကြီးအတွက် ''
ခွန်းစစ်ကမ်းပေးလာသည့် ဘူးလေးက ခပ်နွေးနွေးပင်ရှိနေသေးလေသည်။ဘူးအပေါ်က စာရွက်ဖြူလေးကိုတွေ့တော့ ရင်ထဲမှာ သိမ့်ခနဲ နွေးသွားရပြန်လေသည်။ခပ်သော့သော့ရေးထားသော စာလုံးလေးများက 'သားဇွဲ အတွက်''တဲ့လေ။
"စားနော် ကိုကြီး။ခွန်းတို့ပြန်ခါနီးမှ ဘူးလာယူမယ်''
သူ ခေါင်းညိတ်ပြလိုက်တော့ အပင်တွေကြားထဲကို လှစ်ခနဲနေအောင် ပြေးလေတော့သည်။အလကားနေပြေးချင်နေသောခွန်းပုံစံက မြင်းပေါက်လေးနဲ့တောင် တူနေသေး၏။
#
ဦးစိုင်းဘ မလာမချင်း နေ့တွက်ခကို ရှင်းပေးမည့်သူမရှိတာကြောင့် သူနှင့်အတူ နေ့စားအလုပ်သမားအချို့ ခြင်ကိုက်တောထဲထိုင်စောင့်နေရလေသည်၊မှောင်ရီကပျိုးတော့မည်၊ယခုအချိန်ထိ ဦးစိုင်းဘကပြန်မလာ။မိသားစုမရှိဘဲ တပည့်တပန်းတွေနဲ့သာနေသည့်ဦးစိုင်းဘ၏ အိမ်တော်ထဲကိုလည်း သူစိမ်းမည်သူ့ကိုမှဝင်ခွင့်မပြုပေ။ဒီတော့ ခြံထဲ ဟိုနားဒီနားမှာတင် ရပ်စောင့်၊ထိုင်စောင့် လုပ်ကြရသည်။ခဏကြာတော့ အိမ်ထဲကနေ လူတစ်ယောက်ထွက်လာပြီး