18(Z & U)
1.5K 179 50
Zawgyi
တုပ်ကွေးရာသီမို့ လူနာတွေဆိုတာ ဆေးရုံပေါ် တက်လိုက်ဆင်းလိုက်ဖြစ်နေပြီး ဆေးဝန်ထမ်းတွေဆိုတာလည်း အင်အားကနည်းတော့ တစ်ယောက်မှကိုမအားလပ်ရပေ။ထိုအထဲ နောင်လည်းအပါအဝင်ပေါ့။ဒီကြားထဲ ဟိုမာရေကြောရေ၏ ဒဏ်ရာကို စိတ်ပူရသည်ကတစ်လုပ်။တစ်ရက်ခြားဆိုသလို နောင့်ဆီပုံမှန်လာပေးနေလို့သာ တော်ပါသေးသည်။အရင်ကလေ နောင့်ကိုနောင် စကားနည်းလှပြီထင်ခဲ့တာ ယခု သူနှင့်ယှဉ်လာချိန်ကျမှ နောင့်ထက်လေချွေတာသူရှိမှန်းသိလိုက်ရတော့သည်။ဒီနေ့တော့ ဒဏ်ရာလည်းပျောက်ပြီမို့ မလာတော့ဘူးထင်ပါရဲ့။
အထင်နှင့်အမြင် တက်တက်စင်အောင်လွဲလေပြီ။ခြံရှေ့မှာ ဆိုင်ကယ်ကို ဘေးတစောင်းအနေအထားဖြင့် မှီရပ်နေရင်း အိမ်အပြန်နောက်ကျသည့်နောင့်ကိုစောင့်နေပုံပါ။ခပ်မြင့်မြင့်စုစည်းထားသောဆံသားတို့က သေသေသပ်သပ်မဟုတ်ပေမဲ့ အလွန်ကြည့်ကောင်းနေသည်။
"ရောက်နေတာကြာပြီလား..sorryပါကွာ..လူနာတွေများနေလို့''
"ခဏပါ''
"အင်း ငါကမင်း မလာတော့ဘူးထင်နေတာ။ဒဏ်ရာလည်းပျောက်နေပြီဆိုတော့လေ''
သူက လက်ဆွဲအိတ်လေးတစ်လုံးကို နောင့်ရှေ့ လှမ်းပေးရင်း..
"ဒါပြန်လာပေးတာ။သေချာပြန်လျှော်ပေးထားတယ်။နောက်ပြီး ဒီအတောအတွင်းကုသခ''
နောင် ဘာမှပြန်မပြောရသေးခင် သူ့ဆိုင်ကယ်က မောင်းထွက်သွားလေပြီ။မာရေကြောရေနိုင်ရသည့်ကြားက စိတ်ကလည်းမြန်လှသည်။အိတ်ကိုအသာဟကြည့်တော့ မာဖလာအနီလေးနှင့်အတူ ငွေစက္ကူတစ်အုပ်က အခန့်သားတည်ရှိနေပြီး စေတနာကို ငွေကြေးနဲ့တန်ဖိုးအဖြတ်ခံရတာလားဆိုသော စိတ်ကြောင့် လူကအမောပင်မပြေတော့ပေ။
"ဟက်ချိုး..''
အားရပါးရနှာချေပြီး နှာခေါင်းဝမှ စီးကျလာသော နှာရည်များ။နဖူးကို အသာပြန်စမ်းကြည့်တော့ အပူကငွေ့ငွေ့။နောင်လည်း စပြီထင်၏။အင်းပေါ့လေ။နေ့စဉ်နေ့တိုင်း ဒီတုပ်ကွေးပိုးနဲ့ ကူးလူးဆက်ဆံနေရမှတော့ မဖြစ်ဘဲနေတော့မလား။ပြောရရင်နောင်ကလေ..လူကသာဆရာဝန်ဖြစ်လာပေမယ့် အတော်ပင်ချူချာသည့်လူ။အိမ်မှာဆို မေကြီးခမျာ တယုတယဘယ်လောက်တောင်ထားလိုက်ရသလဲ။ခုတော့ ပါရာတစ်လုံးသောက်ပြီး အိပ်ရာဝင်ရပေတော့မည်၊