Zawgyi
ကိုယ့်ရင်ထဲရှိနေပါရက်နဲ့ ဖွင့်ဟဝန်မခံရဲခြင်းက ဝဋ်တစ်မျိုးပါပေ။ဒီသီချင်းလေးဆိုပြဖို့တောင် ဘယ်လောက်ထိသတ္တိမွေးခဲ့ရလည်း ဇွဲကိုဇွဲအသိဆုံး။ဒီသီချင်းလေးထဲမှာ နောင့်ကိုပြောလိုသော၊ရင်ဖွင့်လိုသော အကြောင်းအရာတွေ အကုန်အပြည့်အစုံပါဝင်နေသည်။နောင်ကတော့ရိပ်မိဟန်မတူ။ဇွဲကသာတစ်ခါမှမလုပ်ဖူးသည့်အရာမျိုးဖြစ်သည့်အပြင် ကိုယ်မြတ်နိုးရသူအတွက်မို့လို့ ပိုပြီး ကတုန်ကယင်ဖြစ်မိနေပေမဲ့ အဆင်ပြေပြေလေး ပြီးဆုံးသွားလို့သာ တော်သေးပါ၏၊
"ဇွဲ...ငါလေဒီနှစ်မွေးနေ့ကိုအပျော်ဆုံးပဲသိလား''
"အင်း..''
"ငါ့မွေးနေ့တိုင်းမှာလေ ငါ့အိမ်ကတန်ဖိုးကြီးပစ္စည်းတွေလက်ဆောင်ပေးတယ်။ဒါပေမယ့် အိမ်မှာမိသားစုအတူလက်စုံစားရတဲ့မွေးနေ့ညလောက် ဘယ်ဟာကိုမှငါမမက်မောခဲ့ဘူး''
နောင့်မျက်နှာလေးကို ဘေးတိုက်အနေအထားကနေ လက်ထောက်လျက်အုပ်မိုးကြည့်ရင်း ဆက်ပြောမည့်အကြောင်းအရာကိုနားစွင့်ထားမိသည်။နောင်တစ်ယောက် အိမ်ကိုသတိရနေတာများလား..
"ဒါပေမယ့်.မင်းကိုသိလာတဲ့နေ့ကစ ငါ့မွေးနေ့မှာမင်းဘာများပေးမလဲလို့ အမြဲမျှော်မိတယ်။မင်းပေးမယ့်လက်ဆောင်ကိုပဲ ငါအမြဲလိုချင်ခဲ့တယ်။ဒီနှစ်လည်း အရင်နှစ်တွေလိုပဲ ကာလာကွဲမာဖလာလေးတစ်ထည်ပေးလိမ့်မယ်လို့ထင်ခဲ့တာ။''
လှဲနေရာကနေ နောင့်ဘေးတစ်ဖက်မှာရှိတဲ့ကျောပိုးအိတ်ကိုဇစ်ဖွင့်ပြီး အထဲမှအထုပ်တစ်ခုကိုထုတ်ယူလိုက်သည်။
"မာဖလာလည်းမမေ့ပါဘူးဗျာ..ရော့..ဒီမယ်. မင်းရန်ကုန်ပြန်သွားရင်တော့ဒါတွေကအသုံးဝင်မှာမဟုတ်ဘူး။ဒါပေမယ့် ''
ဇွဲနူတ်ခမ်းဝမှာလာထိကပ်သောနောင့်ရဲ့လက်ချောင်းရှည်လေး။
"ငါ့ကိုမင်း မယုံဘူးမဟုတ်လား ဇွဲ''
အမြဲပြောခဲ့သလိုပင်။နောင့်ကိုမယုံကြည်တာမဟုတ်ဘဲဇွဲကံကို ဇွဲမယုံကြည်နိုင်ခြင်းသာ။သွေးမတော်သားမစပ်သည့် လူတစ်ယောက်ဆီကနေ ဒီလိုအလေးပေးမှုမျိုးရနေတာကိုက ကံတရားရဲ့လှည့်ကွက်တစ်ခုဖြစ်မှာဇွဲစိုးရိမ်သည်၊နောင့်မျက်နှာကတော့ သူ့ကိုမယုံကြည်ရလေခြင်းရယ်လို့တွေးပြီး စိတ်မကောင်းဖြစ်နေလေပြီ။ဒီစကားဒီမှာတင်ရပ်လိုက်တာကောင်းသည်၊မွေးနေ့မှာ စိတ်မညိုစေချင်ပေ။
YOU ARE READING
Romanceမွေးဖွားခြင်းနဲ့အတူ တွဲရက်ကပ်ပါလာသော ကံမကောင်းခြင်းတွေကြောင့် ခက်ခဲကြမ်းတမ်းစွာကြီးပြင်းခဲ့ရတဲ့ကောင်လေးရဲ့ဘဝကို မေတ္တာတရားနဲ့အေးချမ်းစေတဲ့အခါ။ ဒီဇာတ်လမ်းဟာ စာရေးသူရဲ့ စိတ်ကူးယဉ်ရေးဖွဲ့မှုသာ ဖြစ်တာမို့ အကြောင်းတိုက်ဆိုင်သွားခဲ့ရင် နားလည်ပေးဖို့တောင်းဆိ...