39(Z & U)
1.3K 164 52
Zawgyi
ထွက်ပြုလာသည့်အပင်ပေါက်လေးတွေကို ကြည့်ပြီး အေးချမ်းနေတာများ ဟိုးကလေးဘဝကိုတောင်အမှတ်ရမိသေးသည်။ဖွားနီဆုံးပြီးနောက် အမေနှင့်နှစ်ယောက်အတူ ခြံရိုင်းကြီးတစ်ခုကိုရှင်းလင်းခဲ့စဉ်ကလို ခံစားချက်မျိုး။ဒီလောက်အေးချမ်းတဲ့ဘဝကို စွန့်လွှတ်ခဲ့မိတာ မိမိကိုယ်ကိုယ်အပြစ်တင်လို့်မဆုံးပေ။နောင်အမြဲပြောခဲ့သလို ​နောက်ဆုံးတော့ ဇွဲအတွက် ဒီခြံ​တွေကသာခိုင်ခိုင်မာမာကျန်ရစ်ခဲ့သည်။ခုဆို ဒုစရိုက်အလုပ် ဘာဆိုဘာမှမလုပ်တော့ဘဲ မကြာခင်အိမ်ထောင်ပြုတော့မည့်ငစိုးအတွက်ပါ ခြံတစ်ခြံလက်ဖွဲ့လိုက်သေးသည်။ဒီကောင့်ဘဝကိုလည်း အေးချမ်းစေချင်ပြီ။
အတွေးလွန်နေရင်း နာရီကိုကြည့်မိတော့ ညနေ၅နာရီထိုးလုလု။နောင့်ကိုဆေးရုံမှာသွားကြိုရမည်။ဒီပုံစံအတိုင်းတော့ ပေသလူးပြီးသွားလို့မဖြစ်။သူ့ခမျာတစ်နေကုန်ပင်ပန်းပြီးအနံ့အသက်ပေါင်းစုံခံနေရသည့်ကြားမှ ဇွဲဆီကပါ ချွေးနံ့တထောင်းထောင်းဆို အမောပြေမည်မထင်။ဘာကောင်မှမဟုတ်တော့သည့်ဇွဲကြောင့် နောင့်ကိုပါ လူကဲရဲ့ မခံနိုင်ပေ။
ဆေးရုံရှေ့ရောက်တော့ ဟွန်းသံတစ်ချက်ပေးလိုက်သည်နှင့်နောင်က အပြေးအလွှားထွက်လာလေသည်။ခလုတ်ကလည်း မတိုက်မနေနိုင်။
"ဖြည်းဖြည်းလာပါကွ။ဘယ်နှယ့်ကြောင့်ပြေးရတာတုန်း။ငါ့ဆိုင်ကယ်ကထွက်ပြေးမှာကျလို့''
"အာ...အိမ်သာတက်ချင်နေလို့ဟ..။မြန်မြန်မောင်း ဇွဲ''
ဟောဗျာ။သူတို့ဆေးရုံက အိမ်သာမရှိလို့လား။နောင်တစ်ယောက်ဟာလေ ဖြစ်လိုက်ရင် အရာရာနဲ့အကြောင်းကြောင်း။စိတ်ထဲကသာပွစိပွစိပြောမိပေမယ့် ဆိုင်ကယ်ကတော့ မြန်စွာသောအဟုန်ဖြင့် ခဏအကြာမှာပဲ နောင့်အိမ်ရှေ့ရောက်သည်၊ကြည့်ကြည့်..။တံခါးကို သော့တောင်မဖွင့်နိုင်ဘဲ ကျိုးတို့ကျဲတဲ ခြံတံခါးပေါက်ကနေအတင်းတိုးဝင်ပြီး အိမ်အနောက်ဘက်ကအိမ်သာဆီအသည်းအသန်ပြေးတော့သည်။ဒီခြံပေါက်ကလည်း နောင်အလွယ်တိုးနေတာနဲ့ ပိုပိုကျယ်လာလေပြီ။ဇွဲမရှိသည့်ရက်ဆိုတစ်ယောက်တည်းကျန်ခဲ့ရသည့်နောင့်အတွက် ခြံကတော့လုံလုံခြုံခြုံပြန်လုပ်ပေးမှကိုဖြစ်မည်။ခွေးတစ်ကောင်လောက်မွေးပါဆိုတော့လည်း ငြင်းလိုက်တာမခါးခါးသီးသီး။ခဏနေတော့ စိုနေတဲ့လက်ကို တခါခါလှုပ်ရင်း အရှေ့ဘက်သို့နောင်ပြန်ထွက်လာသည်။